close

ခရီးရှည်ချီတက်ဆန္ဒပြ

close

April 18, 2022

သီရိလင်္ကာအတိုက်အခံ ပြည်သူ့ပါတီ ခရီးရှည်ချီတက်ဆန္ဒပြပွဲ စတင်

သီရိလင်္ကာနိုင်ငံမှာ အတိုက်အခံ ပြည်သူ့ပါတီက ဦးဆောင်တဲ့ ခရီးရှည်ချီတက်ပွဲကို ဧပြီ ၁၇ ရက်မှာ စတင်လိုက်ပါတယ်။ 

နိုင်ငံတောင်ပိုင်း ဘီရူဝါလာမြို့ကနေ စီးပွားရေးမြို့တော် ကိုလံဘိုမြို့အထိ ချီတက်ကြမှာဖြစ်ပြီး လက်ရှိ ကြုံနေရတဲ့ နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို အစိုးရက ကိုင်တွယ်မှု ညံ့ဖျင်းတာကို ဆန္ဒပြဖို့ ရည်ရွယ်တာပါ။ 

နိုင်ငံတွင်းမှာ လျှပ်စစ်မီးပြတ်တောက်တာ၊ လောင်စာဆီ ပြတ်လပ်တာ၊ ဆေးဝါးပြတ်လပ်နေတာ တွေနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေကြတဲ့ နိုင်ငံတဝန်းက ပြည်သူတွေဟာ ဒီခရီးရှည် ချီတက် ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်လာကြပါတယ်။ 

ကြာသပတေးနေ့က နှစ်သစ်ကူး မိန့်ခွန်းမှာတော့ ဝန်ကြီးချုပ် ရာဂျာပက်စာက လက်ရှိ ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်းဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ အဆုံးရွားဆုံး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒီအခက်အခဲကို တတိုင်းပြည်လုံးညီညွတ်မှု၊ နားလည်မှုနဲ့ ကျော်ဖြတ်ရမယ်လို့လည်း ပြောခဲ့ပါတယ်။ 

အရင်တပတ်က သီရီလင်္ကာဟာ ပြင်ပချေးငွေတွေကို ပြန်ဆပ်ဖို့ နောက်ဆုတ်ထားမယ့်အကြောင်း ပြောခဲ့ပါတယ်။ 

ဒီအတောအတွင်းမှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ဆီက ချေးငွေရဖို့ ညှိနှိုင်းနေတာ ရှိပါတယ်။ 

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံမှာ လက်ရှိ လောင်စာဆီ၊ ဆေးဝါး၊ ရိက္ခာ ပြတ်တောက်မှု အပြင် ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း လူလတ်တန်းစားတွေအထိ ခံစားနေ ရပါတယ်။ 

2 mins Ago
Up