close

ခရီးသည်တင် Van

close

December 20, 2022

ကာမိုင်းမြို့တွင် ခရီးသည်တင် Van ကား ၂ စီးကို စစ်တပ်က မီးရှို့

ကချင်ပြည်နယ် ကာမိုင်းမြို့မှာ ဒီဇင်ဘာပထမအပတ်က ဖမ်းဆီးခဲ့တဲ့ လိုင်စင်မဲ့  ခရီးသည်တင်ယာဉ်  နှစ်စီးကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၈ ရက် ညနေမှာ  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကာမိုင်းဒေသခံ တဦးက "ဒီဇင်ဘာ ပထမပတ်က ကာမိုင်းမှာ လိုင်စင်မဲ့(Without) ကားတွေ ဖမ်းတယ်။ စီမံချက်ဆိုပြီး ဖမ်းတာ အတော်များများဖမ်းခံရတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေး တယ်။ ကားနှစ်စီးကိုတော့ သူတို့တပ်ပိုင် နယ်မြေမှာ မီးရှို့လိုက်တယ်" လို့ ပြောပါတယ်။

လိုင်စင်မဲ့ (Without) ကား စီမံချက်နဲ့ ဖမ်းဆီးထားတဲ့ ခရီးသည်တင် Van ကား နှစ်စီးကို  ဗျူဟာကုန်းနားမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာပါ။

အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း မြစ်ကြီးနား၊ ဗန်းမော်နဲ့ ဖားကန့်မြို့နယ်တွေမှာ စီမံချက်အဖြစ် စစ်ကောင်စီတပ်က လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့ပါတယ်။

10 mins Ago
Up