close

ခရုဇ်ဒုံးကျည်သစ်

close

September 13, 2021

တာဝေးပစ် ခရုဇ်ဒုံးကျည်သစ် မြောက်ကိုရီးယား ပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားဟာ သီတင်းပတ်ကုန်ရက်က တာဝေးပစ် ခရုဇ်ဒုံးကျည် အသစ်တစ်စီးကို အောင်အောင်မြင်မြင် ပစ်လွှတ်စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က စက်တင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ သောင်မတင် ရေမကျ ဖြစ်နေချိန်မှာ ခုလို ပစ်လွှတ် စမ်းသပ်ခဲ့ တာပါ။

ဒုံးကျည်တွေကို စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ရက်တွေက ပစ်လွှတ်ခဲ့တာဖြစ်ပြီး မိုင် ၉၃၀ ကျော်အကွာက မြောက်ကိုရီးယား ရေပိုင်နက်ထဲက ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ KCNA က ပြောပါတယ်။

ဒုံးကျည် သယ်ယူပစ်လွှတ်နိုင်တဲ့ ယာဉ်တွေပေါ်ကနေ ဒုံးကျည်ကို ပစ်လွှတ်နေတဲ့ ဓာတ်ပုံတွေနဲ့ ဒုံးကျည်တွေ လေထဲမှာ ပျံနေတဲ့ ပုံတွေကိုလည်း KCNA က ထုတ်လွှင့်ပါတယ်။ ဒီပုံတွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။

မတ်လက မြောက်ကိုရီးယားက တာတိုပစ် ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်အသစ် တစီး စမ်းသပ်အပြီး နောက်ပိုင်းမှာ ပထမဆုံး စမ်းသပ်ချက်လို့ ရှုမြင်နေကြပါတယ်။

မြောက်ကိုရီးယားဟာ ဇန်နဝါရီ နှောင်းပိုင်းက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုအပြီး နာရီပိုင်းအတွင်း ခရုဇ်ဒုံးကျည်တစီး ပစ်လွှတ် စမ်းသပ်ခဲ့သေးတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

8 mins Ago

June 20, 2020

ခရုဇ်ဒုံးကျည်သစ် အီရန်ရေတပ် စမ်းသပ်ပစ်ခတ်

အီရန်ရေတပ်ဟာ ပင်လယ်ကွေ့ ဝင်ပေါက်နားနဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းတို့က လက်တွေ့ စစ်ရေးလေ့ကျင့်မှုတွေအတွင်း ပြည်တွင်းဖြစ် ခရုဇ်ဒုံးကျည်အသစ်ကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့တယ်လို့ အီရန်အစိုးရက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။ ကုလသမဂ္ဂက အီရန်အပေါ် ချမှတ်ထားတဲ့ လက်နက်ကုန်သွယ်မှု ပိတ်ဆို့ကန့်သတ်ချက်ကို အမေရိကန်က သက်တမ်းတိုးဖို့ ကြိုးစားနေချိန်မှာ စမ်းသပ်ပစ်ခတ်ခဲ့တာပါ။ အီရန်အစိုးရနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅က ချုပ်ဆိုထားတဲ့ နျူကလီးယား သဘောတူညီချက်ဟာ အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးတော့မှာပါ။ အမေရိကန်အစိုးရက ဒီသဘောတူညီချက်ကနေ နုတ်ထွက်ထားပါတယ်။ စစ်ရေးလေ့ကျင့်ချိန်မှာ  ကမ်းရိုးတန်းကနေ ပင်လယ်ပြင်နဲ့ ပင်လယ်ပြင်ထဲကနေ ပင်လယ်ပြင်ထဲ ပစ်ခတ်နိုင်တဲ့ တာတိုပစ်နဲ့ တာဝေးပစ် ဒုံးကျည်တွေကို အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့သလို ပစ်မှတ်တွေကိုလည်း အတိအကျ ထိမှန်ခဲ့တယ်လို့ အီရန်အခြေစိုက် တက်စ်နင်မ် သတင်းမှာ ဖော်ပြထားပါတယ်။ ၁၇၅ မိုင်အကွာကို ပစ်ခတ်နိုင်တဲ့ မျိုးဆက်သစ် ခရုဇ်ဒုံးကျည်ကို အီရန်ရေတပ်က အိုမန် ပင်လယ်ကွေ့ထဲမှာ ပစ်ခတ်စမ်းသပ်ခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ ပင်လယ်ကွေ့နှုတ်ခမ်းဝက ဟော်မုဇ်ရေလက်ကြား ရေကြောင်းနဲ့ရော အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနဲ့ပါ နီးတယ်လို့လည်း တက်စ်နင်မ်က ပြောပါတယ်။ အီရန်ဟာ သူ့ရဲ့ ရေတပ်ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ အကွာအဝေးကို ကီလိုမီတာ ၇၀၀ ထိ မြှင့်တင်နေတယ်လို့ ဧပြီလက ပြောပါတယ်။ အနောက်နိုင်ငံတွေက စစ်ရေးကျွမ်းကျင်သူတွေကတော့ အီရန်ဟာ သူ့လက်နက်တွေရဲ့ စွမ်းရည်နဲ့ပတ်သက်ပြီး ချဲ့ကား ပြောလေ့ရှိတယ်လို့ ပြောပေမယ့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကိုတော့ စိုးရိမ်နေပါတယ်။
1 year Ago
Up