close

ခရေ အမျိုးသမီးအဆောင်

close

November 13, 2021

မုံရွာမြို့ရှိ “ခရေ” အမျိုးသမီးအဆောင် မိုင်းခွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းမှာရှိတဲ့ “ခရေ” အမျိုးသမီးအဆောင်မှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက် ၉ နာရီအချိန်က ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖောက်ကွဲခံရတဲ့ ခရေအဆောင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသူ အများစု ငှားရမ်းနေထိုင်တဲ့ အမျိုးသမီးအဆောင်ဖြစ်ပြီး  ဗိုလ်ချုပ်ဉာဏ်ထွန်းဆိုသူ  ပိုင်ဆိုင်တယ်လို့လည်း ဒေသခံတချို့က ဆိုကြပါတယ်။ 

“သူက စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်သလို ကနီမြို့နယ်ကြံ့ခိုင်ရေးပါတီကနေ ၂ ကြိမ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ ပြည်သူ့လွှတ်တော်ကနေ ။ သူ့ရဲ့သား၊သမီးတွေကလည်း Non-CDM တွေဆိုတော့ အခုလို ဖောက်ခွဲခံရတာ ဖြစ်နိုင်တယ်”လို့ ‌ပေါက်ကွဲမှုဖြစ်တဲ့နေရာအနီး နေထိုင်သူ ဒေသခံ တစ်ဦးက ထင်မြင်ချက်ပေးပါတယ်။

မုံရွာမြို့မှာတော့ “ခရေ” အမည်နဲ့ တိုင်းရင်းဆေးရုံလမ်းမှာ တစ်ဆောင်၊ ကျောက္ကာလမ်းနဲ့ စီပွားရေးတက္ကသိုလ် နားမှာ တစ်ဆောင် ရှိပါတယ်။

ဒီနေ့ဖောက်ခွဲမှုကို မုံရွာမြို့ပေါ် UG အဖွဲ တစ်ဖွဲ့ဖြစ်တဲ့ မုံရွာသံမဏိအဖွဲ့က လုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

53 seconds Ago
Up