close

ခလရ ၅၄ တပ်

close

July 20, 2022

ခလရ ၅၄ တပ်မှ တပ်သားတဦး ကေအန်ယူထံ လက်နက်နှင့်အတူ ပူးပေါင်း

လွိုင်ကော် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၅၄  တပ်မှ တပ်သားတဦး ကေအန်ယူ မူတြော်ခရိုင်ထံ လက်နက်နဲ့အတူ ဝင်ရောက်ပူးပေါင်းလာကြောင်း ကေအန်ယူ မူတြော်သတင်းက ထုတ်ပြန်ပါတယ်။

လွိုင်ကော် (ဒကစ) လက်အောက် ခလရ ၅၄ တပ်မှ တပ်သား သန်းခိုင်ဦး ကိုယ်ပိုင်နံပါတ် (တ/၂၃၅၁၅၇) ဟာ ရှေ့တန်း တောင်လနယ်မြေမှာ တာဝန်ကျချိန် ကေအန်ယူ တပ်မဟာ ၅ ထံ  ဇူလိုင် ၁၀ ရက်နေ့က ဝင်ရောက်ခဲ့တာဖြစ်ပြီး သူနဲ့အတူ  MA-3 တလှည့်နဲ့ ကျဉ် ၂၅၀ အပြင် မြေမြှုပ်မိုင်းတွေပါလာကြောင်း ဖော်ပြထားပါတယ်။

သူဟာ တပ်တွင်းမှာ ဖိနှိပ်မှုအမျိုးမျိုးခံရသလို လစာတွေလည်း မရကြဘဲ သူတို့ရဲ့အထက်လူကြီတွေကသာ သူတို့လစာတွေကို ယူထားကြောင်းနဲ့ လစာ ပြန်တောင်းပါက ရိုက်နှက် ညှဉ်းပန်းခြင်းခံရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်တွင်းမှာရှိတဲ့ ရဲမေတွေ၊ ရဲဘော်အမျိုးသမီးတွေလည်း အဖြစ်မနေ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မခိုင်း စစ်သင်တန်း တက်ရကြောင်းနဲ့ တပ်သားတွေကို မြဝတီရုပ်မြင်သံကြားကလွဲရင် ကျန်တဲ့ သတင်းဌာနတွေကို ကြည့်ရှုခွင့်မပေးကြောင်း တပ်သား သန်းနိုင်ဦးက ပြောပါတယ်။

လက်နက်နဲ့အတူ လာရောက်ပူးပေါင်းတဲ့ တပ်သား သန်းနိုင်ဦးကို မူတြော်ခရိုင် တာဝန်ရှိသူတွေက ကျပ်ငွေ သိန်း ၃၀ ချီးမြင့်ခဲ့ကြောင်း မူတြော်သတင်းမှာ ဖော်ပြထားပါတယ်။

အလာတူ ဇူလိုင်လ ၆ ရက်နေ့ကလည်း ဖာပွန်အခြေစိုက် ခမရ ၃၄၁ က တပ်သား နေအောင် (တ/ ၄၂၆၇၃၄)ဟာလည်း ရှေ့တန်းမှာ တာဝန်ကျချိန် ကေအန်ယူတပ်မဟာ ၅ ထံ လက်နက်နဲ့တူ လာရောက်ပူးပေါင်းခဲ့တာကြောင့် ချီးမြှင့်ငွေ သိန်း ၂၀ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

51 seconds Ago
Up