close

ခါကိဗ်နှင့်ခါဆန်ဒေသ

close

September 10, 2022

ခါကိဗ်နှင့် ခါဆန်ဒေသ ပြန်သိမ်းပိုက်မှု အောင်မြင်မှုရနေဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော

ယူကရိန်းတပ်ဖွဲ့တွေဟာ ခါကိဗ်  နဲ့ ခါဆန် ရဲ့ အစိတ်အပိုင်းတွေကို ပြန်သိမ်းပိုက်ဖို့ကြိုးပမ်းမှုမှာ အောင်မြင်မှုတချို့ ရရှိနေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အောစတင်က စက်တင်ဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

အော်စတင်ဟာ ပရာ့ဂ်မှာ ချက်ကာကွယ်ရေးဝန်ကြီးနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒီမှတ်ချက်ကို ပြောကြားခဲ့တာဖြစ်ပြီး ရလဒ်တွေက သိပ်အားရစရာကောင်းတယ် လို့ အမေရိကန် က တွေ့မြင်ရကြောင်းလည်း ပြောဆိုပါတယ်။ 

ယူကရိန်းတပ်တွေဟာ ခါဆန်ဝန်းကျင် တောင်ဖက်ပိုင်းနဲ့ အရှေ့ဖက် ခါကိဗ် ဒေသထဲက နယ်နိမိတ် စတုရန်းမိုင် ၂၇၀ ကျော်ကို ပြန်သိမ်းပိုက်ထားပြီး ကျေးရွာ ၂၀ ကျော်ကို ပြန်သိမ်းယူထားကြောင်း ယူကရိန်းဗိုလ်ချုပ်ကြီး တဦးက စက်တင်ဘာ ၈ ရက်က ပြောကြားထားပါတယ်။

ဒီရလဒ်တွေဟာ ရုရှားအတွက် ကြီးလေးတဲ့ထိုးနှက်ချက် ဖြစ်လာမှာ ဖြစ်ပြီးတော့ သူ့တပ်ဖွဲ့တွေဟာ အသေအပျောက် အများအပြား ရှိနေကြောင်း အနောက်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့တွေက ပြောပါတယ်။ 

စက်တင်ဘာ ၈ ရက်တုန်းက အော်စတင် နဲ့ တခြားကာကွယ်ရေးဝန်ကြီးတွေ ဂျာမနီမှာ တွေ့ဆုံတုန်း က ယူကရိန်းကို ရေရှည်မှာ ဘယ်လိုဆက်ထောက်ပံ့ကြမယ် ဆိုတာကို ဆွေးနွေးခဲ့ကြပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ် ဒေါ်လာ ၆၇၅ သန်းကို လက်နက်တွေပေးဖို့ အတည်ပြုခဲ့ကြောင်း အော်စတင်က ပြောခဲ့ပါတယ်။ 

ရုရှားဟာ ခါကိဗ်ဒေသမှာ တိုက်ပွဲတွေဖြစ်နေကြောင်း အတည်ပြုထားပေမယ့် နယ်မြေဆုံးရှုံးမှု တစ်စုံတစ်ရာကို ခုထိအတည်မပြုသေးပါဘူး။ 

1 min Ago
Up