ယူကရိန်း ဒုတိယမြို့တော် ခါရ်ကိဗ်ရဲ့ လမ်းတွေပေါ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်က ရုရှားစစ်သားတွေရဲ့ သွေးကွက်တွေ အများအပြား စွန်းထင်းခဲ့တာ တွေ့ရပါတယ်။
ရုရှားစစ်သားတယောက်ရဲ့ အလောင်းကို နှင်းထဲမှာ တရွတ်ဆွဲသွားတဲ့ သွေးကွက်တွေလည်း စွန်းထင်းနေတာပါ။
ရုရှားတို့က ဝင်ရောက်ကျူးကျော်မှု အမှတ်သင်္ကေတ ‘Z’ ကို ကားတစ်စီးမှာ ဆေးနဲ့ မှုတ်ထားခဲ့ပါတယ်။
လူဦးရေ ၁ ဒသမ ၄ သန်းရှိတဲ့ ခါရ်ကိဗ်မြို့ ဒေသခံတွေက ရုရှားတပ်တွေကို ပြန်လည်ခုခံ ကာကွယ်ခဲ့တာပါ။
ဒေသအုပ်ချူပ်ရေးမှူး အိုလက် ဆီနီဂူဘော့ဗ်က “ကျနော်တို့ ခါရ်ကိဗ်မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်။ ရန်သူ ရုရှားတွေကို လုံးဝ သုတ်သင်ပစ်နိုင်ခဲ့တယ်၊ အခုဆို ကာကွယ်ရေးအဖွဲ့တွေနဲ့ ရဲတွေက မြို့လုံခြုံရေး ပြန်ထိန်းနေပြီ” လို့ ပြောပါတယ်။