close

ခါရ်ဆန်မြို့

close

March 23, 2022

ခါရ်ဆန်မြို့တွင် ဆန္ဒပြသူများကို ရုရှားစစ်တပ်က လက်ပစ်ဗုံးဖြင့် ဖြိုခွင်း

မကြာခင်က ရုရှားတပ်တွေ သိမ်းပိုက်ခံရတဲ့ ယူကရိန်းတောင်ပိုင်း ခါရ်ဆန်မြို့မှာ မတ် ၂၁ ရက်နေ့က ဆန္ဒပြတဲ့ ဒေသခံတွေကို ရုရှားစစ်တပ်က လက်ပစ်ဗုံးတွေ အသုံးပြုပြီး လူစုခွဲခဲ့ပါတယ်။

ခါရ်ဆန်မြို့ Freedom Square မှာ ဆန္ဒပြနေတဲ့ ရာချီတဲ့ လူအုပ်ဟာ သူတို့အနား လက်ပစ်ဗုံးတွေ ကျလာတာကြောင့် ထွက်ပြေးခဲ့ရပြီး ဆန္ဒပြသူတဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

ရုရှားတပ်တွေက လူအုပ်ထဲ လက်ပစ်ဗုံးတွေ ပစ်ထည့်တယ်လို့ ယူကရိန်းစစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ရုရှားဘက်ကတော့ တစုံတရာ မှတ်ချက်မပေးပါဘူး။ 

1 min Ago
Up