close

ခါရ်ဆန်

close

March 22, 2022

ခါရ်ဆန်မြို့ထဲ ဝင်လာသည့် ရုရှားစစ်ယာဉ်နှစ်စီးကို မြို့ခံများ မောင်းထုတ်

ယူကရိန်းတောင်ဘက် ခါရ်ဆန်မြို့ထဲကို မတ် ၂၀ ရက်နေ့က ဝင်ရောက်လာတဲ့ ရုရှားစစ်ယာဉ်နှစ်စီးကို မြို့ခံတွေက ရင်ဆိုင်ပြီး “ထွက်သွားကြ၊ ကိုယ့်အိမ်ကိုယ်ပြန်ကြ” လို့ အော်ဟစ် မောင်းထုတ်ခဲ့ကြပါတယ်။ 

ရုရှားစစ်ကားတွေမှာ တိုက်ခိုက်မှု  သင်္ကေတ ‘Z’ ကို ရေးထားပါတယ်။ အဆိုပါ စစ်ကားနှစ်စီး လှည့်ပြန်သွားတဲ့အထိ ဒေဿခံတွေက ယူကရိန်းအလံ အင်္ကျီတွေဝတ်ပြီး ဆန္ဒပြ မောင်းထုတ်ခဲ့တာပါ။

Black Sea ဒေသ ဆိပ်ကမ်းမြို့ ခါရ်ဆန်မှာ ရုရှားနဲ့ ယူကရိန်းတို့ မြို့ပြင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တဖက်နဲ့ တဖက် ရှေ့မတိုး ဖစ်နေတယ်လို့ ယူကရိန်းအစိုးရက မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။

1 min Ago
Up