close

ခိုလှုံ

close

June 17, 2021

အရံဂိုးသမား ပြည့်လျှံအောင် ဂျပန်နိုင်ငံတွင် ခိုလှုံရန် ဆန္ဒရှိနေ

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းက အရံဂိုးသမား ပြည့်လျှံအောင်ဟာ မြန်မာနိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ခိုလှုံလိုတဲ့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဂျပန်မီဒီယာမှာ ဖော်ပြပါတယ်။ 

သူဟာ ဇွန်လ ၁၆ ရက်က  အသင်းဖော်တွေနဲ့အတူ Kansai အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကနေ ပြန်ထွက်ခွာမယ်လို့ မျှော်လင့်ရပေမယ့် အသင်းကနေ ထွက်ခွာပြီး ဥပဒေပိုင်း အကြံပေးသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေမှာ ပါရှိပါတယ်။ 

ပြည့်လျှံအောင်ဟာ သူ့သဘောဆန္ဒအရ နိုင်ငံကိုပြန်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး ဒုက္ခသည်အဖြစ် လျှောက်ထားမယ်လို့ ဇွန်လ ၁၇ ရက် အစောပိုင်းမှာ အိုဆာကာစီရင်စုရှိ ကန်ဆိုင်းနိုင်ငံတကာ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းမှုမှာ ဖြုတ်ချခံခဲ့ရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အာဏာပြန်ရလာရင် မြန်မာနိုင်ငံကို ပြန်ဖို့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။ 

မေလ ၂၈ ရက်၊ တိုကျိုမြို့အနီး Chiba မြို့မှာ ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲစဉ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သီချင်းသီဆိုချိန်မှာ သူဟာ လက် ၃ ချောင်းထောင်  ဆန္ဒထုတ်ဖော်ခဲ့ပြီး သူ့လက်ချောင်းတွေမှာ ကျွန်ုပ်တို့ တရားမျှတမှုကို လိုအပ်တယ်လို့ အင်္ဂလိပ်လို ရေးသားခဲ့ပါတယ်။ ဒီဗီဒီယိုဟာဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားပါတယ်။ 

အစောပိုင်းကပြုလုပ်ခဲ့တဲ့ အွန်လိုင်းအင်တာဗျူးတွေမှာလည်း သူ မြန်မာနိုင်ငံကိုပြန်ရောက်ရင် ဖမ်းဆီးထိန်းသိမ်းခံရမှာ ကြောက်ပြီး စစ်အုပ်ချုပ်ရေးအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံချက် မရှိဘူးလို့လည်း ဖြေဆိုထားတာပါ။ 

ဂျပန်အစိုးရကတော့ အာဏာသိမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ နိုင်ငံမငြိမ်သက်မှုတွေကြောင့် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သူတို့ဆန္ဒရှိရင် ဂျပန်နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် ထပ်တိုးပေးမယ်လို့ မေလ ၂၈ ရက်က ကြေညာထားပါတယ်။ 

8 mins Ago

November 6, 2020

မြောက်ကိုရီးယားနိုင်ငံသား ၁ ဦး နယ်စပ်ဖြတ်ကျော်ထွက်ပြေးပြီး တောင်ကိုရီးယားတွင် ခိုလှုံ

မြောက်ကိုရီးယား အမျိုးသားတယောက်ဟာ တောင်နဲ့ မြောက် နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ အစောင့်အကြပ် ထူပြောတဲ့ နယ်စပ်ကို ဖြတ်ကျော်လာပြီး တောင်ကိုရီးယားနိုင်ငံမှာ ဘက်ပြောင်း ခိုလှုံချင်ကြောင်းပြောခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရအရာရှိတွေက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။  နယ်စပ်ဖြတ်ကျော်လာသူကို ကိုရီးယား နှစ်နိုင်ငံကြား ပိုင်းခြားထားတဲ့ သံဆူးကြိုးတွေနားမှာ တွေ့ရှိပြီးနောက်  စစ်တပ်ကင်းမဲ့ဇုန်ထဲမှာ နိုဝင်ဘာ ၄ ရက်က ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  သူ့ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်လို့ အသေးစိတ် အချက်အလက်တွေကို မပြောပေမဲ့ သူဟာ ဘက်ပြောင်းဖို့ လိုလားကြောင်း နားလည်မိတယ်လို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီး အရာရှိချုပ် (JCS) ရဲ့ ပြောခွင့်ရ ကင်မ်ဂျွန်းရက်ခ်က  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ဒီလူဟာ နယ်စပ်ကို ဖြတ်ကျော်ဖို့ ဘယ်လို ကြိုးစားခဲ့တယ်ဆိုတာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့လဲ (JCS) က ပြောခဲ့ပါတယ်။
7 months Ago
Up