close

ခိုးဆိုးလုယက်သူ

close

April 2, 2022

စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့တွင် ခိုးဆိုးလုယက်သူ ပေါများလာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တောင်ဇလပ်ရပ်ကွက်မှာ မတ်လ ၃၀ ရက်က ချင်းလူမှုရေးအသင်း ရုံးထဲကနေ  125 ဆိုင်ကယ်နှစ်စီးကို လူတစ်စုက ခိုးယူသွားတယ်လို့ CCTV မှတ်တမ်းအရ သိရပါတယ်။

ဆိုင်ကယ်ခိုးသူတွေဟာ ဓားရှည်နဲ့ သံဖြတ်ကတ်ကြေးတွေကို ကိုင်ဆောင်ထားတာကို CCTVမှတ်တမ်းမှာ မြင်တွေ့ရပါတယ်

မြို့ခံတစ်ဦးက "တချို့က ဆေးသမားတွေလည်း ခိုးကြတာရှိသလို စားဝတ်နေရေး တကယ်အဆင်မပြေတဲ့သူ‌တွေ  ခိုးကြတာတွေလည်းရှိတယ်" လို့ ပြောပါတယ်

စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်တာကြောင့် ကလေးမြို့မှာ လူသတ်မှု မုဒိမ်းမှု၊ ခိုးမှု၊ မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှုနဲ့ လုယက်မှုတွေလည်း များစွာတိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up