ကနေဒါနိုင်ငံ တိုရွန်တို ပီယာဆန် နိုင်ငံတကာလေဆိပ်မှာ ဧပြီ ၁၇ ရက်က ဒေါ်လာ ၁၅ သန်းနီးပါး တန်ဖိုးရှိတဲ့ ရွှေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေ ခိုးယူခံလိုက်ရတာကြောင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် ညနေပိုင်းမှာ ဒီအဖိုးတန်ကုန်ပစ္စည်းတွေ လေယာဉ်ပေါ်ကို ရောက်လာခဲ့ပြီးနောက် အခုလို ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဧပြီ ၂၀ ရက်နေ့မှာ ပီးလ် ဒေသဆိုင်ရာ ရဲအရာရှိဖြစ်သူ စတီဖင် ဒူဝီဗက်စတိုင်းက သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြုပါတယ်။
ဒီလေယာဉ်ဆင်းသက်ခဲ့ပြီးနောက် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ကုန်ပစ္စည်းတွေချကာ သိုလှောင်ရုံကို ယူဆောင်သွားခဲ့ပေမဲ့လည်း အချိန်တခုအကြာမှာ ပျောက်ဆုံးသွားတာ ဖြစ်ကြောင်း ဒူဝီဗက်စတိုင်းက ပြောပါတယ်။
ဒူဝီဗက်စတိုင်းက “ဒီလို တန်ဖိုးကြီးကုန်ပစ္စည်းတွေ ရောက်လာခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ ကုန်လှောင်ရုံထဲကနေ တရားမဝင်နည်းလမ်းတွေနဲ့အတူ ယူဆောင်သွားတာဖြစ်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
အဖိုးတန်ကုန်ပစ္စည်းတွေ ပျောက်ဆုံးသွားကြောင်း အချိန်ခဏအကြာမှာပဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်သလို ဒီကုန်ပစ္စည်းကို သယ်ဆောင်လာခဲ့တဲ့ လေယာဉ်အနေနဲ့ ဘယ်ကလာပြီး ဘယ်ကိုနောက်ဆုံးသွားမယ် ဆိုတာကိုတော့ ဒူဝီဗက်စတိုင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ထဲက ရပ်ကွက်တွေမှာ အခုနှစ်ဆန်းပိုင်းကစပြီး ပစ္စည်း ခိုးယူခံရမှုတွေ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလွယ်တကူ ခိုးယူလို့ရတဲ့ ရေမော်တာနဲ့ စက်ဘီးတွေ အများဆုံးခိုးယူခံနေရပြီး နေ့ရော ညပါ ခိုးယူခံနေရတယ်လို့ စက်ဘီးအခိုးခံလိုက်ရတဲ့ သာကေတ၊ ၅ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်အချိန်က အဲဒီလို ခိုးယူခံရတဲ့ ဖြစ်စဉ်တွေ သိပ်ကြားရလေ့မရှိဘဲ အာဏာသိမ်းပြီး တနှစ်ကျော်ကနေစပြီး ခိုးယူခံရတဲ့ဖြစ်စဉ်တွေ နေ့တိုင်းနီးပါး ကြားနေရကာ ခိုးယူတဲ့သူတွေကိုလည်း ဖမ်းဆီးမိတာမျိုးမရှိဘဲ ရပ်ကွက်တာဝန်ရှိသူတွေ ကိုယ်တိုင်ကလည်း အခိုးခံရတာတွေ ရှိနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ရပ်ကွက်တာဝန်ရှိသူရဲ့ စက်ဘီးကအစ ခိုးခံနေရတာကြောင့် တာဝန်ရှိသူအနေနဲ့လည်း ခိုးခံရတဲ့အပေါ် ဘာမှမတတ်နိုင်ဘူးလို့ ၃ ရပ်ကွက် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှု ပြဿနာအပြင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အခြေခံပြည်သူတွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းလာပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်မှုနှုန်းကလည်း မြင့်တက်လာပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံထဲက နေရာအသီးသီးမှာလည်း ခိုးမှုနဲ့ လုယက်မှုတွေ အရင်ကထက် ပိုမိုဖြစ်ပွားလာတာကိုလည်း ဒေသတွင်း သတင်းမီဒီယာတွေမှာ အရင်ကထက်ပိုပြီး တွေ့မြင်နေရပါတယ်။