close

ခုခံလျှောက်လဲ

close

August 16, 2022

အဂတိလိုက်စားမှုစွဲချက် မလေးရှားဝန်ကြီးချုပ်ဟောင်း နောက်ဆုံးအကြိမ် ခုခံလျှောက်လဲ

အမေရိကန်ဒေါ်လာ ဘီလီယံများစွာ အဂတိလိုက်စားမှုနဲ့ ပတ်သက်နေတဲ့ 1MDB ဘဏ္ဍာရေး အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ဟာ ဩဂုတ် ၁၅ ရက်မှာ နောက်ဆုံးအကြိမ် စတင်ခုခံလျှောက်လဲနေပြီ ဖြစ်ပါတယ်။

လူကြိုက်များတဲ့ ပုံရိပ်တခုရှိနေဆဲဖြစ်တဲ့ နာဂျစ်ဟာ မလေးရှား ပြည်ထောင်စုတရားရုံးကို ကိုယ်စားလှယ် အများအပြား ဝန်းရံရင်း ရောက်လာတာမှာ တရားရုံး ဧည့်ဆောင်မှာ စုရုံးရောက်ရှိနေတဲ့ လူတွေကို လက်ဝှေ့ယမ်းပြခဲ့ပါတယ်။

နာဂျစ်ဟာ 1MDB မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ခိုးယူမှု စွဲချက်နဲ့ပတ်သက်ပြီး ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစားမှု၊ ယုံကြည်မှု ချိုးဖောက်မှု အတွက် ပြစ်ဒဏ်စီရင်ခံထားရတာပါ။

သူ့အမှုအတွက် အယူခံဝင် ကြားနာဖို့ ဩဂုတ် ၂၆ ရက်မှာ မလေးရှားရဲ့ အမြင့်ဆုံး တရားရုံးက စီစဉ် ထားပါတယ်။

၂၀၁၈ ခုနှစ်မှာ မဲခွဲဆုံးဖြတ်ခံခဲ့ရတဲ့ နာဂျစ်ဟာ အယူခံကို ဆိုင်းငံ့ထားပြီး အာမခံနဲ့ လွတ်မြောက်နေခဲ့တာပါ။ နာဂျစ်ဟာ သူ့ပြစ်ဒဏ်အတွက် ပြန်ပြောင်းစီရင်တာ ဒါမှမဟုတ် မလေးရှား ဘုရင်ဆီက တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို မရမချင်း ရွေးကောက်ပွဲ တွေမှာ ပါဝင် ယှဉ်ပြိုင်ခွင့်မရဘဲ တားမြစ် ပိတ်ပင်ခံထားရပါတယ်။ 

2 mins Ago
Up