close

ခုန်ချ သတ်သေ

close

November 8, 2022

သမိုင်းခုံးကျော်တံတားပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်ကို ဆက်သွယ်ထားတဲ့ သမိုင်းခုံးကျော်တံတားပေါ်ကနေ အသက် ၄၀ အရွယ် အမျိုးသားတယောက် နိုဝင်ဘာ ၈ ရက် ဒီနေ့မနက်ပိုင်းက ခုန်ချခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၆ နာရီက အသက် ၄၀ အရွယ် အမည်မသိ အမျိုးသားတယောက်ဟာ သမိုင်းခုံးကျော်တံတားပေါ်ကနေ ခုန်ချခဲ့တာကို ပတ်ဝန်းကျင်က မြင်တွေ့ခဲ့ပြီးနောက် ပရဟိတအသင်းတွေကို ဖုန်းဆက် အကူအညီတောင်းခဲ့တာ ဖြစ်တယ်လို့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ပတ်ဝန်းကျင်က တံတားပေါ်က ခုန်ချတာတွေ့လို့ ပရဟိတအသင်းတွေကို ဖုန်းဆက်တာ၊ အသင်းသုံးသင်းလောက် သွားကူညီတယ်၊ မသေပေမဲ့ ထိခိုက်ဒဏ်ရာရတယ်၊ အခုဆေးရုံမှာ” လို့ ပြောပါတယ်။

သမိုင်းခုံးကျော်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားကို ပရဟိတအဖွဲ့က မြောက်ဥက္ကလာပမြို့နယ် မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

ခုန်ချခဲ့တဲ့ အမျိုးသားရဲ့ နေရပ်လိပ်စာနဲ့ ခုန်ချခဲ့တဲ့ အကြောင်းရင်းကို လက်ရှိအခြေအနေထိ မသိရသေးဘူးလို့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မရမ်းကုန်းမြို့နယ် ကမ္ဘာအေးခုံးကျော်တံတားပေါ်ကနေ  အမည်မသိ အမျိုးသားကြီးတယောက် ခုန်ချခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

8 mins Ago

April 24, 2020

ဘန်ကောက်တွင် ထိုင်းအမျိုးသား ၁ ဦး  ၃၁ ထပ် တိုက်ခန်းပေါ်က ခုန်ချ သတ်သေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ  COVID-19  ကပ်ရောဂါကာလအတွင်း  အမျိုးသားတဦးဟာ သူနေထိုင်ရာ ကွန်ဒိုတိုက်ခန်းပေါ်ကနေ ခုန်ချသတ်သေသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့အရှေ့ပိုင်း ရမ်ခမ်ဟန်ရှိ ကွန်ဒိုတိုက်ခန်းတခုမှာ ဒီနေ့မနက်  ၈  နာရီခွဲလာက်က  ဖြစ်ခဲ့တာလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ သေဆုံးသူ အမျိုးသားဟာ အသက် ၄၀ နဲ့ ၄၅ နှစ်ကြားအရွယ်ဖြစ်ပြီး သူ့ရဲ့ အ လောင်းကိုတော့ ၆ လွှာအထပ်မှာ တွေ့ခဲ့ရကာ သူနေထိုင်ရာ ၃၁ ထပ်မြောက် သူ့ရဲ့အခန်း ကနေ ခုန်ချသတ်သေခဲ့တာလို့  ရဲတွေက စုံစမ်းတွေ့ရှိပါတယ်။ လက်ရှိမှာတော့ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး လုံခြုံရေး ကင်မရာ တွေကတဆင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာပါ။ ထိုင်းစုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတွေကတော့ အဆိုပါ အမျိုးသားဟာ လော့ခ် ဒေါင်းကာလမှာ စိတ်ဖိစီးမှုများပြီး သေကြောင်းကြံစည်ခဲ့တာ ဖြစ်နိုင်တယ်လို့ ကောက် ချက်ချနေသလို နိုင်ငံတတဝန်း  ခုလိုသေကြောင်းကြံစည်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ကိုးကား- The Nation Thailand
3 years Ago
Up