close

ခေါဇာမြို့

close

June 16, 2022

ခေါဇာမြို့တွင် ပျူစောထီး ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့မှာ  ဇွန်  ၁၆ ရက် မွန်းတည့်  ၁၂ နာရီလောက်က စစ်ကောင်စီနဲ့ နီးစပ်တဲ့ အမျိုးသားတယောက်  ရွှေဟင်္သာဆိုင်ကယ်ပြင်ဆိုင်မှာ  သေနတ်နဲ့ပစ်ခတ်ခံရလို့  သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ ပျူစောထီးအဖွဲ့ဝင် မွန်လေးဆိုသူဖြစ်ပြီး  ပြည်သူတွေထံက ခြိမ်းခြောက်ငွေတောင်းတာ၊ မတရားအနိုင်ကျင့်တာတွေကြောင့် မကျေနပ်တဲ့ ပြည်သူတွေက တိုင်တန်းလာလို့ သေချာလေ့လာပြီးမှ သေနတ်နဲ့ ၁၄ ချက် အနီးကပ် ပစ်ခတ် ရှင်းလိုက်တယ်လို့  ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အသတ်ခံတဲ့ မွန်လေးနဲ့ ပတ်သက်ပြီးဒေသခံတဦးက “သူက ရန်ကုန်ဇာတိပါ။ အခုကဗျာဝမှာနေပြီး   သူကြောင့် ပြည်သူတွေ အဖမ်းခံရတာတချို့ရှိတယ်။ ငွေပေးပြီးမှ ပြန်လွှတ်ပေးတဲ့သူတွေလည်း ရှိတယ်။ ရဲနဲ့ပေါင်းပြီး ငွေညှစ်တာလုပ်လေ့ရှိတယ်”လို့ ပြောပါတယ်။ 

သူ့မိသားစုနဲ့ နီးစပ်တဲ့သူ တဦးကတော့  “အခုလို သတင်းပေးလို့ စွပ်စွဲခံရတာတွေတဘက်က ကြည့်ရင်မပြောလိုပေမဲ့ မိသားစုဝင်ဘက်က ကြည့်ရင်တော့ လူတဦး အသတ်ခံရတာ ဆုံးရှုံးရတာကလွဲပြီး ဘာမှတ်ချက်မှမပေးလိုတော့ဘူး”လို့ ဆိုပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ  စစ်ကောင်စီရဲ့   စစ်တပ်နဲ့ ရဲ တွေအပြင် အရပ်သားဝန်ထမ်းတွေ၊ သတင်း ပေးတွေ  ၁ ဒါဇင်နီးပါးလောက်ကို ရှင်းလင်းထားတယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီးလူးရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်လုပ်ရပ်လို့ စွပ်စွဲထားပြီး ရေးဘီးလူးအဖွဲ့ကို သတင်းပေးတဲ့သူတွေကိုလည်း ဆုကြေးပေးမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

9 hours Ago

May 14, 2022

ခေါဇာမြို့ရှိ ထွေအုပ်အရာရှိ ၁ ဦး နှင့် ကဗျာကြီးကျေးရွာ ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ၁ ယောက်နဲ့   ကဗျာကြီးကျေးရွာက ပျူစောထီးအဖွဲ့ ခေါင်းဆောင် ၁ ယောက်တို့  မေ ၁၃ ရက် ညနေ ၆ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကဗျာကြီးကျေးရွာနေ ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးထားဝယ်ဟာ သူ့ရဲ့ နေအိမ်မှာ ရှိနေစဉ် သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး လဝက ဝန်ထမ်းတယောက်လည်း  အသတ်ခံရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ခေါဇာက အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိနဲ့ ပျူစောထီးအဖွဲ့ ခေါင်းဆောင်တယောက်ဟာ ပြည်သူ့တွေကို ခြိမ်းခြောက်တာတွေလုပ်ခဲ့တာကြောင့် အခုလို နေအိမ်မှာ ၂ ဦးလုံး သေနတ်ပစ်ခတ်ပြီး သုတ်သင်ရှင်းလိုက်ပြီး သေနတ် ၁ လက်ပါ သိမ်းဆည်းလိုက်တယ်လို့ ရေးဘီးလူးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ဟာ စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲ သတင်းပေးတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာခဲ့  ၁၂ ယောက်လောက်ကို သုတ်သင် ရှင်းလင်းခဲ့တယ်လို့လည်း  သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ရေးဘီးလူးအဖွဲ့ဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတာဖြစ်ပြီး  သတင်းပေးနိုင်တဲ့ သူကို ဆုကြေးငွေဖြင့် ပေးမယ်ဆိုပြီး သတင်းထုတ်ပြန်ထားပါတယ်

1 month Ago
Up