close

ခေါ်ယူမည်

close

November 27, 2022

ဂတ်ပိုနှင့် ရာဖေးလ်လီယာအိုတို့ကို မန်ယူအသင်း ခေါ်ယူမည်

မန်ယူအသင်းက လာမယ့်အပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ့် တိုက်စစ်မှူးသစ်စာရင်းမှာ ဟော်လန် တိုက်စစ်မှူး ဂတ်ပိုနဲ့ ပေါ်တူဂီတိုက်စစ်မှူး ရာဖေးလ်လီယာအိုတို့ ပါဝင်ပါတယ်။ 

မန်ယူအသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်တစ်ဦး မဖြစ်မနေခေါ်ယူဖို့ ကြိုးပမ်းမှာပါ။

လက်ရှိသတင်းတွေအရတော့ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး လျာထားစာရင်းမှာ ဟော်လန်နဲ့ အတူ ခြေစွမ်းပြနေတဲ့ ဂတ်ပိုနဲ့ ပေါ်တူဂီတိုက်စစ်မှူး လီယာအိုတို့နဲ့ သတင်းထွက်ပေါ်လာခဲ့တာပါ။ ဂတ်ပိုကတော့ ပြီးခဲ့တဲ့ နွေရာသီကတည်းက မန်ယူနဲ့ အပြောင်းအရွှေ့ သတင်းထွက်ပေါ် ခဲ့ဖူးပါတယ်။ 

သူတို့ ၂ ဦးရဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးဟာ ယူရိုသန်း ၁၀၀ လောက်ပေးချေရနိုင်လို့ မန်ယူအသင်း အနေနဲ့ မြင့်မားတဲ့ ငွေကြေးနဲ့ ဆွဲဆောင်နိုင်မှာသာ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။ 

11 mins Ago

October 21, 2019

မန်ယူနိုက်တက်က ပေါင်သန်း ၃၀၀ အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ငွေကြေး အမြောက်အမြား သုံးစွဲသွားဖို့ ပြင်ဆင်နေပြီး မိုဆာဒမ်ဘီလီ၊ ဂျိမ်းမက်ဒီဆင်နုဲ့ ဆာအူးလ်နီဂွက်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူဖို့ အသည်းအသန် ချိတ်ဆက်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၃၀၀ သုံးစွဲခွင့်ရရှိထားပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် အဲဒီကစားသမားတွေ အားလုံးနီးပါးကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းနေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရေတိုစီမံကိန်းအရ နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ အသင်းမှာရှိတဲ့ ကစားသမားတွေကို အကောင်းဆုံး ကစားသွားဖို့ မှာကြားထားပါတယ်။  ဆိုးလ်ရှားကတော့ အသင်းကို တိုက်စစ် အသားပေးကစားပုံနဲ့ ကစားစေလိုပြီး အလျင်အမြန် ပြန်လည်တိုက်စစ်ဆင်နိုင်တဲ့ ကစားစုဖွဲ့မှုရရှိဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူလိုနေတာပါ။
3 years Ago
Up