မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးအသင်းကွင်းလယ်လူ ချိန်ဘာလိန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ ပေါ့ဘာနဲ့ မာတစ်တို့ ထွက်ခွာသွားတဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားတွေ အများအပြားနဲ့ ချိတ်ဆက်နေတာပါ။
ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်းကို ခေါ်ယူဖို့ အခြေအနေ ကောင်းမွန်လာခဲ့သလို ချိန်ဘာလိန်ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားလာခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၉ ပွဲပဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၁၈ ပွဲကို လူစားဝင်ကစားသမားအနေနဲ့ မိနစ်အနည်းငယ်သာ ကစားခွင့်ရခဲ့တာပါ။
အသင်းနဲ့ စာချုပ်သက် တမ်းတစ်နှစ်သာကျန်ရှိတော့ပြီး ပေါင် ၁၀ သန်းရဖို့ လီဗာပူးဘက်က အလိုရှိနေတယ်လို့ talkSPORT သတင်းမှာ ဖော်ပြပါတယ်။