close

ခဲတွင်းပြိုကျ

close

May 10, 2021

မိုးကုတ်မြို့နယ်၌ ခဲတွင်းပြိုကျပြီး လူ ၄ ဦးပိတ်မိ၊ ၁ ဦး အလောင်းကို ပြန်ဆယ်ထုတ်နိုင်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊  ဘော်ဗဒန်းရွာက ခဲတွင်းပြိုကျပြီး လူ  ၄ ဦး ပိတ်မိနေရာ မေလ ၁၀ ရက်နေ့မှာ ၁ ဦးရဲ့ အလောင်းကို တွင်းထဲကနေ ဆယ်ထုတ်နိုင်ပြီး  ၃ ဦး တွင်းထဲ ပိတ်မိ နေသေးတယ်လို့  ဒေသခံလူမှုကူညီရေးအသင်းက ပြောပါတယ်။

“ဒီနေ့ ၁ ဦးတော့  အလောင်းပြန်ဆယ်ထုတ်နိုင်ခဲ့တယ်။ ၄ ဦးပိတ်မိနေတာဆိုတော့ ၃ ဦးကျန်သေးတယ်။ တွင်းက ခန့်မှန်းလို့မရတာကြောင့် ၃ ဦးအခြေနေတော့မသိရ​သေးဘူး” လို့  လူမှုကူညီရေးအသင်းသား တစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြတ်စေတနာလူမှုကူညီရေးအသင်းနဲ့ မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ကယ်ဆယ်ရေးကို ဆက်လက်ဆောင်နေကြပြီး သေဆုံးသူရဲ့  အလောင်းကို မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကိုပို့ ဆောင်ထားတယ်လို့သိရပါတယ်။

မိုးကုတ်မြို့မှာ မေ  ၄ ရက်က  အနက်ပေ ၉၅၀ ဝန်းကျင်ရှိတဲ့ ခဲတွင်းထဲကို ပြည်သူ ၆ ဦး ပြုတ်ကျပိတ်မိသွားပြီး ၃ ဦးကိုတော့ ဒီနေ့အထိ ဆက်လက်ရှာဖွေကယ်ဆယ်နေ တာဖြစ်တယ်လို့သိရပါတယ်။

13 hours Ago
Up