close

ခံဝန်ဖြင့် ပြန်လွှတ်

close

February 23, 2022

လောင်းလုံးမြို့တွင် ဖမ်းဆီးခံရသည့်လူငယ်များအနက် ၂၉ ဦး​ကို ခံဝန်ဖြင့် ပြန်လွှတ်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့အနီး သဗျာကျေးရွာက စားသောက်ဆိုင်တစ်ခုမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ လူငယ် ၃၄ ဦးအနက် ၂၉ ဦးကို ဒီကနေ့ နေ့လယ်ပိုင်းမှာ လောင်းလုံးမြို့မရဲစခန်းကနေ အာမခံနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

မလွတ်ဘဲ ကျန်ခဲ့တဲ့ လူငယ် ၅ ဦးကတော့ အသက် ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသားတွေဖြစ်ကြပြီး အဖမ်းခံရစဥ် အင်္ကျီအနက်ဝတ်ဆင်ထားတာ၊ သနပ်ခါးလိမ်းထားတာတွေ ရှိတဲ့အတွက် အမှုဖွင့်တရားစွဲခံရနိုင်တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထုလှုပ်ရှားမှုတွေ ရှိခဲ့တဲ့ လောင်းလုံးမှာ ဖေဖော်ဝါရီ ၂၂ရက်နေ့က စားသောက်ဆိုင်တစ်ခုမှာ မွေးနေ့ပွဲလုပ်နေတဲ့ အသက် ၁၈ နှစ်ဝန်းကျင်အရွယ်ရှိ လူငယ် ၃၄ ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့သူ ၂၉ ဦးကတော့ အာမခံနဲ့ ခံဝန်ထိုးတာအပြင် ပိုက်ဆံ သုံးသောင်းခွဲစီ ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့က တနိုင်ငံလုံးအတိုင်းအတာနဲ့  ပြုလုပ်ခဲ့တဲ့ "ပြန်လည်စုရုံး နှစ်ခြောက်လုံး" လူထုလှုပ်ရှားမှာ လောင်းလုံးမြို့နယ်အတွင်းက လူငယ်တွေကလည်း သပိတ်စစ်ကြောင်းထွက်တာ၊ လမ်းပေါ် ပန်းပွင့် ပန်းစည်းတွေချတာ၊ သနပ်ခါးလိမ်းတာတွေ ပြုလုပ်ပြီး လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

ပုံစာ- လောင်းလုံးလူငယ်တွေ “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လှုပ်ရှားမှုပြုလုပ်ခဲ့ကြစဉ်

12 mins Ago

July 14, 2020

အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ပြည့်ကမ်ပိန်းပြုလုပ်သူ ရခိုင်လူငယ် ၂ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်

ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်ထားမှု ၁ နှစ်ပြည့် ကိမ်ပိန်းပြုလုပ်ခဲ့တဲ့ ရခိုင် လူငယ် ကိုနေစိုးခိုင်နဲ့ ကိုမင်းဇအောင်တို့ကို  ဇူလိုင် ၁၃ ရက်နေ့မှာ  ကျောက်ဖြူမြို့နယ်တရားရုံးက   ကျပ်သိန်း၅၀ ခံဝန်နဲ့  ပြန်လွှတ်ပေးလိုက်ပါတယ်။ တရားစွဲဆိုခံရတဲ့ ကျောက်ဖြူမြို့နယ် သန္တာရင်သွီးမျိုးဆက်သစ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌ ကိုနေစိုးခိုင်က “ကျနော်တို့ကို ဒီနေ့ရုံးတင်ပြီးတော့ ဒီနေ့စပြီး တရားစွဲတယ်ပေါ့နော်၊ အရင်တုန်းကတော့ ၆  ရက်နေ့က ရုံးချိန်းတစ်ခေါက်ပြောတယ်။ အဲဒီနေ့ကတော့ ကျနော်တို့လည်း  ခရီးလွန်နေတော့မရောက်ဖြစ်လိုက်ဘူး။ အဲဒီတော့သူတို့ကနေပြီး ကျနော်တို့ကို တရားခံပြေးတွေနဲ့ ထပ်ပြီးတော့ထပ်စွဲပြီးတော့ ဒီနေ့ရုံးတင်တာပေါ့။  ကျနော်တို့ကို  အာမခံနဲ့ပေါ့ တစ်ယောက်ကို သိန်း ၅၀ စီနဲ့ အာမခံလုပ်ပြီးတော့ အာမခံနဲ့ပြန်လွှတ်ထားတာဖြစ်တယ်” ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့်သီတင်းပတ်  ဇူလိုင် ၂၁ ရက်နေ့ကို ထပ်မံ ချိန်းဆိုထားတယ်လို့ သိရပါတယ်။  အခုလိုငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ ကျောက်ဖြူမြို့နယ်မှ လူငယ် နှစ်ဦးကို ရခိုင်လူငယ်မျိုးဆက်သစ် ကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်ရှိမြို့နယ်များမှ လူငယ်တွေက ကျောက်ဖြူမြို့နယ်တရားရုံးကို လာရောက်ကာ ဝန်းရံအားပေးခဲ့ကြပါတယ်။ စစ်တွေမြို့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက် တာဝန်ခံ(၁) မဦးခင်သိန်းက “ကျမတို့ Network အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ ဒီကိုလာရောက်ခြင်း ဖြစ်တယ်။ နောက်တစ်ချက်ကနေပြီးတော့ Network ရဲ့ တာဝန်ခံတစ်ယောက်အနေနဲ့ လာရောက်သလို လူငယ်တစ်ယောက်အနေနဲ့လည်း ပါဝင်အားဖြည့်ရခြင်းဖြစ်တယ်။ နောက်တစ်ပိုင်းမှာကျတော့ ဒီအတွက် တရားမျှတမှုကို လိုလားတယ်။ အဲဒီလိုပုံစံမျိုးနဲ့ ဒီကိုလာရောက်ပြီးတော့ ဝန်းရံခြင်းဖြစ်တယ်။”လို့ ပြောပါတယ်။ ဇွန်လ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်မြို့နယ်မှာ  အင်တာနက်ဖြတ်တောက်ခံထားရတာ  တစ်နှစ်ပြည့်ပြီဖြစ်တာကြောင့် ပြန်လည်ဖွင့်ပေးဖို့ကို ရခိုင်ပြည်နယ်အတွင်းက မြို့တွေနဲ့  ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါကမ်းပိန်းပြုလုပ်ခဲ့တာကြောင့် ဇွန်လ ၁ ရက်နေ့ညနေက ရမ်းဗြဲမြို့နယ်က လူငယ် တစ်ဦး ငြိမ်းစုစီ ပုဒ်မ-(၁၉)နဲ့ အမှုဖွင့်ခံရသလို ရန်ကုန်မြို့မှာလည်း ကမ်ပိန်းဦးဆောင်သူတွေ ငြိမ်းစုစီဥပဒေနဲ့တရားစွဲ ဆိုခံခဲ့ရပါတယ်။ သတင်း- နောင်နောင်
2 years Ago
Up