close

ချချိန်းဆောင်းခရိုင်

close

March 15, 2023

ထိုင်းနိုင်ငံ ချချိန်းဆောင်းခရိုင်တွင် မြန်မာအလုပ်သမား အမျိုးသမီး ၁ ဦး အကြမ်းဖက်ခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းမြို့ လမ်းလယ်ခေါင်မှာ  မြန်မာအလုပ်သမ ၁ ဦးကို မြန်မာအမျိုးသား ၁ ဦးက အကြမ်းဖက် ရိုက်နှက်ခဲ့လို  ရွှေဆွဲကြိုး ၁ ကုံးလည်း ဆုံးရှုံးသွားခဲ့ပါတယ် ။ 

စက်ရုံအလုပ်သမ မကြူကြူဝင်းဟာ  ပြီးခဲ့တဲ့ မတ်လ  ၈ ရက်က လမ်းပေါ်မှာ တယောက်တည်း လျှောက်လာစဉ် မြန်မာအလုပ်သမား အောင်မျိုးသူက ကိုယ်ထိလက်ရောက်အကြမ်းဖက်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့  အကြမ်းဖက်ခံရသူကို အကူအညီပေးနေတဲ့ MHAC စင်တာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။ 

“တရပ်ကွက်တည်းနေတဲ့ အလုပ်သမားချင်းချင်းပါပဲ။ မိန်းကလေးက အကြမ်းဖက်ခံရပြီး ထိုင်းရဲ သွားတိုင်ရင် သတ်ပစ်မယ်လို့ အခြိမ်းခြောက်လည်းခံနေရတယ်။ သူတို့ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမှာ လည်ပင်းက ရွှေဆွဲကြိုးလည်း ပျောက်သွားတယ်၊ အကူအညီလည်း မဲ့နေတယ်လို့ တိုင်ကြားလာလို့ ကျနော်တို့အဖွဲ့က သွားပြီး ကူညီခဲ့တာပါ၊ အရင်က သူတို့ချင်း ကိုယ်ရေးကိုယ်တာ ဘာပြဿနာရှိလဲတော့ မသိဘူးပေါ့နော်၊ ဒါပေမဲ့ မိန်းကလေးတယောက်ကို အနိုင်ကျင့်တာ၊  မျက်နှာတွေ ဖူးရောင်အောင်လုပ်ထားပြီး သံချွန်နဲ့ပါ ထိုးထားတာတွေအတွက် ရဲစခန်းမှာသွားပြီး တိုင်ချက်ဖွင့်ပေးခဲ့ပါတယ်။”

အောင်မျိုးသူကို စခန်းမှာ လာရောက်ဖြေရှင်းဖို့ ရဲစခန်းက ဆင့်ခေါ်ထားပေမယ့် ဖုန်းထဲကနေ ပြေလည်အောင်လုပ်ပေးမယ်လို့ပြောပြီး ဒီကနေ့ထိ ရောက်မလာကြောင်း၊ အချိန်အတိုင်းတစ်ခုထိ ရဲစခန်းကို မရောက်လာရင် ဖမ်းဝရမ်း ထုတ်ခံရမယ်လို့  ကိုရဲမင်းက  ပြောပါတယ်။

ကိုရဲမင်းဟာ AAC အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ကဖြစ်ပြီး အခု အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့သူတို့အဖွဲ့ကို MHAC ( Myanmar Humanitarian Action Center ) ဆိုတဲ့အမည်နဲ့ ထိုင်းမှာ တရားဝင်မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

2 mins Ago

December 30, 2020

ထိုင်းနိုင်ငံတွင် လှောင်ကန်ထဲဆင်းသည့် မြန်မာလုပ်သား ၃ ဦး အောက်စီဂျင်ပြတ် သေဆုံး 

ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောင်းခရိုင်ထဲမှာ ဒီဇင်ဘာ ၂၉ ရက်မနက်က လှောင်ကန်ထဲ ဆင်းသွားတဲ့ မြန်မာအလုပ်သမားတွေ အောက်ဆီဂျင်ပြတ်ပြီး ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာ ရသွားတယ်လို့  ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ အလုပ်သမားတွေဟာ ချချိန်းဆောင်းမြို့ နခွန်းနိန်းခေတ်ရပ်ကွက်ထဲရှိ စက္ကူရီ ဆိုင်ကယ်လ်စက်ရုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး  မနေ့ မနက် ၁၁ နာရီလောက်က အသက် ၂၀ နှစ်ရွယ်ရှိ အလုပ်သမားတစ်ယောက်က လှောင်ကန်တိုင်ကီပေါ်တက်ပြီး တိုင်ကီထဲပြုတ်ကျသွားတဲ့ ပိုက်လုံးကို ဆင်းဆယ်ခဲ့တာပါ။ အဆိုပါအလုပ်သမားဟာ  တိုင်ကီအောက်ခြေရောက်သွားတဲ့အခါ သတိမေ့လဲကျသွားလို့ နောက်ထပ် လုပ်ဖော်ကိုင်ဘက်အလုပ်သမား ၂ ယောက်က သူ့ကို ကယ်ဆယ်ဖို့ လိုက်ဆင်းသွားစဉ်  သူတို့လည်း သတိမေ့သွားကြတယ်လို့  မျက်မြင်သက်သေ အလုပ်သမား တစ်ယောက်က သတင်းထောက်ကို ပြောပါတယ်။  အဲဒီနောက် နောက်ထပ်အလုပ်သမားတစ်ယောက်က သူတို့ကို  ကယ်ထုတ်ဖို့ လှောင်ကန် အောက်ခြေအပြင်ဘက်ကနေ လွှနဲ့ဖြတ်ဖောက်လိုက်ကြောင်း၊ ပေါက်သွားတဲ့ လှောင်ကန်နံရံကို ဖွင့်ဟလိုက်ရာမှာ အဆိုပါအလုပ်သမားလည်း မေ့လဲသွားတယ်လို့ ဆိုပါတယ်။  ကံအားလျော်စွာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အချိန်မီရောက်လာလို့ အပြင်ဘက်ကအ လုပ်သမားက  အသက်ဘေးကလွတ်ခဲ့ပေမယ့် အထဲက ၃ ယောက်ကတော့ သေဆုံးသွားပါတယ်။  အဆိုပါ လှောင်ကန်တိုင်ကီကြီးမှာ အမြင့် ၆ မီတာခန့်ရှိပြီး စက္ကူစက်က ထွက်လာတဲ့ အမှိုက်တွေ စွန့်ပြစ်ရာလှောင်ကန်ဖြစ်ကြောင်း၊ အဖုံးမရှိတဲ့အတွက် မိုးရေတွေက ခါးလောက်ထိ အိုင်နေတယ်လို့ စက်ရုံအလုပ်သမားတစ်ယောက်က ပြောပါတယ်။  နယ်မြေခံရဲတပ်ဖွဲ့ကတော့ အဆိုပါတိုင်ကီထဲမှာ အဆိပ်သင့်ဓာတ်ငွေ့ ဒါမှမဟုတ် စွန့်ပစ်စက္ကူက ဓာတုပစ္စည်းတွေ အ‌ငွေ့ပျံပြီး အပေါ်ရောက်လာလို့ အောက်စီဂျင်ပြတ်မှုဖြစ်ပြီး အလုပ်သမားတွေ အသက်ရှူလို့မရတော့လို့ သေဆုံးကြတာလို့ ခန့်မှန်းပြောဆိုပါတယ်။  သေဆုံးသွားတဲ့ အလုပ်သမား ၃ ဦးမှာ အသက် ၂၀ နှစ်၊ ၃၀ နှစ် နဲ့ ၃၂ အရွယ်ရှိပြီး မြန်မာအလုပ်သမားတွေဖြစ်ကြောင်း သူတို့အလောင်းကို ထပ်မံဓာတ်ခွဲစစ်ဆေးဖို့အတွက် ချချိန်းဆောင်းခရိုင်  ဖုတ်ထဆိုထွဏ်းဆေးရုံကြီးကို ပို့ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။   ဓာတ်ပုံ- Police THAI TV
2 years Ago
Up