close

ချင်းကာကွယ်ရေးတပ်ဖွဲ့

close

August 12, 2022

၆ လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်သေဆုံးဟု ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထုတ်ပြန်

ချင်းပြည်နယ်ထဲမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လကုန်အထိ ၆ လတာအတွင်းတိုက်ပွဲ ပေါင်း ၂၂၀ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်ကတပ်သား ၉၂၇ ဦးသေဆုံးခဲ့ပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၅၃ ဦးကျဆုံးခဲ့တယ်လို့ Cinland Join Defense Committee (CJDC)က  သြဂုတ်လ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဟားခါးမြို့နယ်မှာ တိုက်ပွဲ ၄၅ ကြိမ်၊ ဖလမ်းမြို့နယ်မှာ ၄၄ကြိမ်၊ မင်းတပ်မြို့နယ်မှာ ၃၅ ကြိမ်၊ ကန်ပက်လက်မြို့နယ်မှာ ၂၄ကြိမ်၊ မတူပီမြို့နယ်မှာ ၁၈ကြိမ်၊ တီးတိန်မြို့နယ်မှာ ၁၃ကြိမ်၊ ထန်တလန်မြို့နယ်မှာ ၉ ကြိမ်၊ ပလက်၀မြို့နယ်မှာ ၇ ကြိမ်၊ တွန်းဇန်မြို့နယ်မှာ ၂ ကြိမ်နဲ့ CDF-KKG လှုပ်ရှားတဲ့ တခြားနယ်မြေမှာ ၂၃ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကလေးမြို့နယ်နဲ့ ဂန့်ဂေါ်မြို့နယ်မှာ အဓိကလှုပ်ရှားနေတဲ့ CDF-KKG တပ်ဖွဲ့ဟာချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုမပြုပေမဲ့  CJCD အဖွဲ့၀င်ဖြစ်လို့ အဆိုပါ စာရင်းမှာထည့်သွင်းဖော်ပြထားတာလို့ ဆိုပါတယ်။

ထန်တလန်မြို့နယ်မှာတော့ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပြီး ထန်တလန်မြို့တွင်း အသေးစားစစ်ရေးလှုပ်ရှားမှုတွေကိုတော့  ထည့်သွင်းထားတာမရှိပါဘူး။

အဆိုပါတိုက်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးလို့ စစ်ကောင်စီပြန်ကြားရေးကလည်း  သူတို့တပ်တွေ ထိခိုက်သေဆုံးမှု အခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ 

2 hours Ago
Up