close

ချင်းတိုင်းရင်းသူ အိမ်အကူ

close

June 22, 2021

ချင်းတိုင်းရင်းသူအိမ်အကူကို နှိပ်စက်သတ်ခဲ့သည့် စင်ကာပူအမျိုးသမီး ထောင်အနှစ် ၃၀ ချမှတ်ခံရ

မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသူ အိမ်အကူကို  ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ စင်ကာပူအိမ်ရှင် အမျိုးသမီးကို တရားရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်ပါတယ်။

ဒီအမှုဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဖြစ်ခဲ့တာဖြစ်ပြီး တရားသူကြီးကတော့ ဒီအမှုဟာ ကြုံရသမျှတွေထဲ အဆိုးဝါးဆုံးသော လူသတ်မှုလို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ချင်းတိုင်းရင်းသူ ပြောင်ငိုက်ဒွန့်ဟာ စင်ကာပူနိုင်ငံကို ၂၀၁၅ ခုနှစ်က ရောက်ရှိလာခဲ့ပြီး အိမ်ရှင် ဂိုင်ယာသီရိ မူယာဂါရန်တို့ အိမ်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂိုင်ယာသီရိ မူယာဂါရန်ဟာ ရဲအရာရှိတယောက်ရဲ့ ဇနီးဖြစ်ပြီး သူတို့ရဲ့ ၄ နှစ်အရွယ်နဲ့ ၁ နှစ်အရွယ် ကလေးတွေကို ထိန်းဖို့ ပြောင်ငိုက်ဒွန့်ကို အိမ်အကူအနေနဲ့ ခေါ်ယူခဲ့တာပါ။

ဒါပေမဲ့  ၅ လလောက်အကြာမှာပဲ အိမ်ရှင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ စတင်ခဲ့ကာ အိမ်ထဲမှာ ပိတ်လှောင်ထားခဲ့ပြီး နေ့စဉ်ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာ၊ အစာရေစာ ဝဝလင်လင် မကျွေးတာ၊ တနေ့ကို ၅ နာရီသာ အိပ်စက်ရတာတွေကြောင့် ကိုယ်အလေးချိန်ဟာ ၃၈ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပြီး သေဆုံးချိန်မှာ ၂၄ ကီလိုဂရမ်သာ ရှိတယ်လို့ တရားရုံးက ဆိုပါတယ်။

အိမ်အကူ ပြောင်ငိုက်ဒွန့်ဟာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာ  သေဆုံးသွားခဲ့တာဖြစ်ပြီး ဂိုင်ယာသီရိနဲ့ သူ့မိခင်တို့ရဲ့ တိုက်ခိုက်မှုကြောင့် လည်ပင်းရိုးကျိုး၊ ဦးနှောက် ထိခိုက်ပျက်စီးပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

3 mins Ago
Up