close

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့

close

February 9, 2022

ယောဒေသနှင့် ဆောဒေသ၌ တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်

စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF တို့ ဒေသတွင်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့မှာရှိတဲ့ ပြည်သူတွေက ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာရှိတဲ့ မြို့နယ်တချို့မှာ ရှောင်တိမ်းနေကြရပါတယ်။

လက်ရှိ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ ယောဒေသနဲ့ ဆောဒေသတွေကိုပါ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်မှုတွေလုပ်လာတာကို တွေ့ရတဲ့အတွက် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေပါ စိုးရိမ်မှုတွေရှိနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်က YDF ပူးပေါင်းတပ်ဖွဲ့နဲ့ ဆောမြို့မှာရှိတဲ့ စစ်ကောင်စီ တပ်သားတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး အစိုးရဌာနရုံးတချို့အပါအဝင် ကြံ့ခိုင်ရေး ပါတီရုံးတခုလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲဒီလိုဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ ပခုက္ကူဘက်ကနေ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းလာပြီးတဲ့နောက် ဒေသတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာကို ဒေသခံတွေ အနေနဲ့ စိုးရိမ်နေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိ ချင်းပြည်နယ်ထဲက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ ဆောဒေသနဲ့ ယောဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်လာမယ်ဆိုရင် နောက်ထပ် ရွှေ့ပြောင်းဖို့ နေရာမရှိတော့တာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့လည်း စိုးရိမ်နေပါတယ်။

3 mins Ago
Up