close

ချင်းပြည်ကာကွယ်ရေးတပ်

close

April 17, 2022

စစ်ကောင်စီနှင့် ချင်းပြည်ကာကွယ်ရေးတပ်-မတူပီ တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား

ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်-မတူပီ (CDF-Matupi) က ထုတ်ပြန်ပါတယ်။

ဧပြီ ၉ ရက်နေ့က မတူပီ-ပလက်ဝလမ်းဘက်ကို စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းဟာ ဧပြီ ၁၀ ရက်နေ့မှာ CDF(Matupi) နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၀ ရက်ကနေ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်တွေနဲ့ CDF-Matupi တို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်သေဆုံး၊ ၅ ယောက်အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၁၂ ရက်နေ့မှာ ဝလံပီကျေးရွာ၊ ၁၃ ရက်နေ့မှာ ကလားကျေးရွာ၊ ၁၄ ရက်နေ့မှာ ဝလံသဲကျေးရွာတို့ကိုရောက်ပြီး ဒေသခံပြည်သူတွေရဲ့ ကြက်၊ ဝက်၊ ဆိတ်တွေကို ယူသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝလံပီကျေးရွာက ပြည်သူတွေရဲ့ စပါးကျီတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် မတူပီ-ပလက်ဝလမ်းမပေါ် ကျေးရွာတွေက ပြည်သူ ၁၀၀၀ လောက် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရပြီး စစ်ကောင်စီတပ်ကလည်း မတူပီမြို့နယ်နေရာအနှံ့ကို စစ်ကြောင်းထိုးလာနေတယ်လို့ ဆိုပါတယ်။

CDF-Matupi နဲ့ စစ်ကောင်စီတပ်တို့ဟာ ပြီးခဲ့တဲ့ တနှစ်အတွင်း တိုက်ပွဲ​ပေါင်း ၆၀ ကျော်ဖြစ်ခဲ့ပါတယ်။

1 min Ago
Up