close

ချင်းရွှေဟော်နယ်စပ်

close

July 23, 2021

ချင်းရွှေဟော်နယ်စပ်မှ ‌အောက်ဆီဂျင်အိုး အလုံးရေ ၂၀,၀၀၀ တင်သွင်းမည်

တရုတ်-မြန်မာနယ်စပ် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းကနေ လီတာ ၄၀ ဆံ့ ‌အောက်ဆီဂျင်အိုး အလုံးရေ ၂၀,၀၀၀ ဇူလိုင်လအတွင်း   တင်သွင်းဖို့ကုန်သည်တွေက စီစဉ်နေပါတယ်။

အဆိုပါတရုတ်နယ်စပ်စခန်းကနေ flow meter အပါ အောက်ဆီဂျင် လီတာ ၄၀  အိုးအလွတ် တစ်လုံးကို မန္တလေးအရောက်စျေး ၁၇၈,၅၀၀ ကျပ်နဲ့ ၀ယ်ယူနိုင်ခဲ့ကြောင်း ကွမ်းလုံ၊ ဟိုပန်-ချင်း ရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သည်များအသင်းက ကုန်သည်စက်မှုအသင်းချုပ်ထံ ပေးပို့တင်ပြတဲ့စာအရ သိရပါတယ်။

ဒီလိုတင်သွင်းဖို့ စီစဉ်ထားပြီး ဖြစ်တာကြောင့်လတ်တလော ဖြစ်ပေါ်နေတဲ့ အောင်ဆီဂျင်လိုအပ်ချက်ကို အထိုက်အလျောက် ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။

လတ်တလောမှာ ကိုဗစ်တတိယလှိုင်းကြောင့် ကူးစက်မှုနှုန်းနဲ့အတူ အောက်ဆီဂျင် လိုအပ်ချက် မြင့်တက်နေမှုအပေါ် အခွင့်ကောင်းယူပြီး စျေးကွက်အတွင်းမှာ တရုတ်ထုတ် လီတာ ၄၀  ‌ေ အောက်ဆီဂျင် တစ်အိုးကို ကျပ်နှစ်သိန်းခွဲကနေ ကျပ်ခုနှစ်သိန်း၀န်းကျင်ထိ စျေးတင်ရောင်းချ နေကြတာ တွေ့ရပါတယ်။

ပြည်ပက အောင်ဆီဂျင် တင်သွင်းသူတွေအနေနဲ့ သင့်တင့်မျှတတဲ့ အမြတ်ငွေရယူပြီး ၀င်ငွေနည်းပါးတဲ့လူနာတွေကို သက်သက်သာသာနဲ့  အောက်ဆီဂျင်အိုးဝယ်လို့ရအောင် ရောင်းချပေးခြင်းနဲ့ ကူညီပေးသင့်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမူဆောင် အဖွဲ့၀င်ဒေါက်တာစိုးထွန်းက အကြံပြု ပါတယ်။

ကွမ်းလုံ၊ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သည်များအသင်းအနေနဲ့ ဇူလိုင် ၈ ရက်မှ ၂၀ရက်နေ့အထိကို အောက်ဆီဂျင် အလုံးရေ ၇၅၀၀ ထိတင်သွင်းထားပြီး ဖြစ်ပါတယ်။ နောက်လ တွေမှာလည်း အောက်ဆီဂျင်အိုးတွေကိုထပ်မံ၀ယ်ယူတင်သွင်းနိုင်ဖို့  ဆောင်ရွက်မယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းတွေကို လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးကနေ တင်သွင်းခွင့်ပြုနေပြီး အခုလို ရုံးပိတ်ရက်ရှည်ကာလမှာလည်း တင်သွင်းခွင့်ပြုနေတယ်လို့ အကောက်ခွန်ဌာနက ဆိုပါတယ်။

5 mins Ago

June 2, 2020

ချင်းရွှေဟော်နယ်စပ်တွင် ကုန်စည်များ ပြန်ပို့နေပြီ 

မြန်မာ-တရုတ် နယ်စပ်၊ ချင်းရွှေဟော်-မန်တိန်း(ချင်းရွှေဟော်) နယ်စပ်မှာ ယာဉ်မောင်း အစားထိုးစနစ်နဲ့ ကုန်စည်တွေ ပြန်ပို့နေပြီ ဖြစ်ပါတယ်။ ဒီဂိတ်ကနေ နယ်စပ်ကုန်သွယ်ရေးပုံမှန်ပြန်ဖြစ်ဖို့ ရှမ်းပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ဉီးစိုးညွန့်လွင်ဟာ ယူနန်ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုညွှန်ကြားရေးမှူးချုပ်နဲ့ မေ ၂၁ ရက်က ချင်းရွှေဟော်နယ်စပ်ဂိတ်မှာ ဆွေးနွေးခဲ့တာပါ။ ဒါ့အပြင် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်ကလည်း ယူနန်ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ မေလကုန်ပိုင်းက ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါကြောင့် မေ ၃၀ ရက်ကစပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းမြို့အစိုးရက မြန်မာနိုင်ငံရဲ့ ပို့ကုန်တွေကို ယာဉ်မောင်းအစားထိုးစနစ်နဲ့ ပြန်လည်လက်ခံနေပြီလို့ ဆိုပါတယ်။ ဓာတ်ပုံ- MOFA
1 year Ago
Up