close

ချင်းအမျိုးသားတပ်ဦး (CNF)

close

March 14, 2023

ချင်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းကို စစ်ကောင်စီတပ်များ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာ

ချင်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်း ဗျူဟာနှစ်ခုစလုံးကို စစ်ကောင်စီယာဉ်တန်းတွေ အင်အားအများအပြားနဲ့ ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူကပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်-မတူပီဗျူဟာကို စစ်ကားအစီး ၈၀ ပါတဲ့ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း ဝင်ရောက်နေပြီး မတ်လ ၁၃ ရက်မှာ ကျောက်ထု အမြောက်တပ်ထဲ ဝင်ရောက်ခဲ့ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းကို မကွေးတိုင်း၊ ပခုက္ကူဘက်ကနေ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာဖြစ်ပြီး မြေပြင်ကနေ ရိက္ခာထောက်ပို့ဖို့ အဓိကရည်ရွယ်တာဖြစ်နိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူက ပြောပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာဘက်ကိုတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်ကနေ တင့်ကား ၂ စီးအပါအဝင် စစ်ကား ၃၀ ဝင်ရောက်နေတာပါ။

ကလေးဘက်ကနေ ချင်းပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ CDF တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ CDF တွေက သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကျောက်ထု-မင်းတပ်-မတူပီလမ်းမကြီးကိုလည်း ပြည်သူတွေ အသုံးမပြုကြဖို့ မင်းတပ် CDF က အသိပေးစာထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ချင်းပြည်နယ်မြောက်ပိုင်း ကလေးကနေ ဝင်လာတဲ့ဟာကတော့ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲတချို့ကတော့ စနေပြီ။ မြေပြင်တိုက်ပွဲကတော့ ပိုပြီးတော့ရှိလာမယ့် အနေအထားပေါ့နော်။ ဒီမြေပြင်တိုက်ပွဲတွေ အဲ့ဒါတွေက ၃၊ ၄ ကြိမ်လောက်ရှိလာနေပြီပေါ့။ ချင်းပြည်နယ်တောင်ပိုင်းက အတိအကျတော့ မသိရပေမယ့် ကားအစီးရေ ၈၀ စစ်ယာဉ်တန်းနဲ့ လာတယ်ဆိုတော့ အင်အားက များမယ့် အနေအထားမှာ ရှိတယ်။ အဓိကကတော့ ရိက္ခာကို သယ်လာတယ်လို့ ကျနော်တို့ အဲဒီလိုပဲ တွက်ပါတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေပါ အသုံးပြုပြီး မဖြစ်မနေ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်သေးပါဘူး။

မကွေးတိုင်း၊ ပခုက္ကူ-ပေါက်ဘက်ကနေတက်လာတဲ့ စစ်ကားတွေဟာ ယောနယ်ကနေတဆင့် ချင်းပြည်နယ်ထဲကို ဝင်ရောက်ဖို့ အလားအလာတွေရှိနေတယ်လို့ ပေါက်ဒေသခံ PDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။

ချင်းပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ စစ်ကောင်စီက မြေပြင်ထောက်ပို့လုပ်ငန်းတွေ မလုပ်နိုင်ခဲ့တာ အချိန် ၁ နှစ်ကျော်ကြာခဲ့ပြီး အခုအချိန်မှာ မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ပေါက်ဒေသခံ PDF တစ်ဦးက “မြောက်ပိုင်းအဖွဲ့က မနေ့က ရေပြာ ရဲစခန်းစစ်ဆေးရေးဂိတ်ကို ဝင်ပစ်တယ်။ စစ်ကြောင်းကို တိုက်ဖို့အင်အားမရှိတော့ကျ စစ်ဆေးရေးဂိတ်ကို ဝင်ပစ်ကြတယ်။ ကျနော်တို့မဟာမိတ်တွေပါပဲ။ စစ်ကားက ၇၀ ကျော်၊ အဲဒါကို ပေါက်မြို့ပေါ်မှာ ချခဲ့တာရှိတယ်။ စစ်ကြောင်းတကြောင်းစာကို အင်အားဖြည့်ထားတာရှိတယ်။ ကျန်တဲ့ဟာက ယောဘက် တက်သွားတယ်။ သူတို့ရိက္ခာကားတွေလည်း ပါတယ်။ ချင်းပြည်ဘက်ကို အင်အားဖြည့်တယ်လို့ ထင်တယ်ဗျ။ ထိုးစစ်ကတော့ ကျနော်တို့ ပေါက်မြို့နယ်က အမြဲတမ်းဆင်နေတာ။ ၉ ရက်နေ့က ကျနော်တို့ကင်းကို ဝင်ပစ်တယ်ဗျ။ သူတို့ လာတယ်။ မိုင်းခွဲတယ်၊ ပြီးတော့ အပြန်အလှန်ပစ်ခတ်မှု ရှိတယ်။ ကျနော်တို့ ကင်းမှာက မောင်းပြန်က ၃ လက်လောက်ရှိတာ။ သူတို့ကအင်အား ၈၀ လောက်ရှိတယ်ဗျ။ လက်နက်ကြီးမတရားသုံးသွားပြီးတော့ ရွာ ၄ ရွာ လက်နက်ကြီးကျတယ်။ အဘွားအို ၂ ယောက် လက်နက်ကြီးထိပြီး သေတယ်။ ကာကွယ်ရေးအဖွဲ့က လက်နက်ကြီး ဒဏ်ရာ တယောက်ရတယ်။ ခုလက်ရှိ လက်နက်ကြီးကြောင့် ပြည်သူနဲ့ ကာကွယ်ရေးအဖွဲ့နဲ့  ၅ ယောက် ဒဏ်ရာရထားလို့ ဆေးကုပေးနေရတာရှိတယ်”လို့ ပြောပါတယ်။

ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်သားအင်အား ၄၀၀ ကျော်ဟာ ပေါက်မြို့ပေါ်မှာ ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီသတင်းကြောင့် ဒေသခံပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်နေကာ  ဒေသခံ PDF တွေဘက်ကလည်း ခုခံဖို့ပြင်ဆင်ခဲ့ကြပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလမ်းကြောင်းဟာ ချင်းပြည်နယ်ဘက်ကို ဦးတည်ချက်ပြောင်းသွားတာဖြစ်ပြီး  PDF၊ CDF တွေဘက်က တတ်နိုင်သလောက်ခုခံတိုက်ခိုက်တာ၊ ပြောက်ကျားစနစ်နဲ့ ကြားဖြတ် တိုက်ခိုက်တာတွေ ရှိနေပါတယ်။

10 mins Ago

January 10, 2023

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ချင်းအမျိုးသားတပ်ဦး (CNF)  ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စစ်​ကောင်စီတပ်က ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ ဂျက်တိုက်​လေယာဉ် ၅ စီးနဲ့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတယ်လို့ CNF ဒေသဆိုင်ရာ ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းမှာရှိတဲ့ (CNF) ရဲ့ ဌာနချုပ်ကို ဒီနေ့ ညနေ ၅ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်လို့ အိန္ဒိယနိုင်ငံဘက်ကို လက်နက်ကျည်တွေ ကျရောက်ခဲ့တယ်လို့ PVTV ကလည်း သတင်းထုတ်ထားပါတယ်။

Photo-CHR

အိန္ဒိယ-မြန်််မာနှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ CNF ဌာနချုပ်ကို တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ကလည်း အတည်ပြုထုတ်ပြန်ထားပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေထိခိုက်သေဆုံးမှု ရှိ၊ မရှိနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရှေ့တန်းထွက်မယ့် CNF/ CNA ရဲဘော်တွေအတွက်  NUG အစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။

2 months Ago
Up