ဂျပန်အသင်းနှင့် အမေရိကန်အသင်းတို့ဟာ ဂျာမနီမှာ စက်တင်ဘာ ၂၃ ရက်ဒီနေ့ သောကြာနေ့မှာ ချစ်ကြည်ရေး ခြေစမ်းဘောလုံးကစားကြဖို့ရှိပါတယ်။
ဒါဟာ နှစ်သင်းစလုံးအတွက် ကမ္ဘာ့ဖလားပွဲမတိုင်ခင် နောက်ဆုံး ပြင်ဆင်မှုတွေထဲက အဆင့်တဆင့် ဖြစ်ပါတယ်။
ဂျပန်အသင်းနည်းပြ ဟာဂျီမီမိုရီယာဆူးက ကာတာကမ္ဘာဖလားမှာ ကွာတားအဆင့်ထိ တက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။
အမေရိကန်အသင်းနည်းပြ ဂရက်ဘာဟော့တာကလည်း ကမ္ဘာဖလားမတိုင်ခင်မှာ ဂျပန်အသင်းနဲ့ ကစားရမယ့်ပွဲကို အာရုံစိုက်ဖို့ သူ့အသင်းသားတွေကို မနေ့က ဗီဒီယိုလင့်ကနေ မှာကြားခဲ့ပါတယ်။