close

ချဒ်နိုင်ငံ

close

October 21, 2022

ချဒ်နိုင်ငံတွင် ဒီမိုကရေစီရေး ဆန္ဒပြ

ချဒ်နိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေဟာ တောင်ပိုင်း မောင်ဒေါင်မြို့ကို အောက်တိုဘာ ၂၀ ​​ရက်က ပျံ့နှံ့သွားပြီး မော်တော်ဆိုင်ကယ်တွေစီးကြတဲ့ ဆန္ဒပြသူ အများအပြားဟာ အလံတွေဝှေ့ယမ်းကာ ဆန္ဒပြစာတန်းတွေ၊ သစ်ကိုင်းတွေကို ကိုင်ဆောင် လှည့်လည်ခဲ့ကြပါတယ်။

လူမှုကွန်ရက်မှာတင်ထားတဲ့ ရုပ်သံတွေမှာတော့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တင်ဆောင်ထားတဲ့ စစ်ကားတစီးကိုလည်း မြင်တွေ့ခဲ့ရပြီး အစိုးရအဆောက်အအုံတွေဆီ ဦးတည်သွားနေကြတဲ့ ဆန္ဒပြသူတွေကို စစ်တပ်ကနေ မောင်းထုတ်ခဲ့တာ မြင်တွေ့ရပါတယ်။

ဒီမိုကရေစီအုပ်ချုပ်ရေးကို မြန်မြန်ဆန်ဆန် အသွင်ကူးပြောင်းရေး တောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့တာကြောင့် မြို့တော် အန်ဂျမေးနာမှာတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ လုယက်ဖျက်ဆီးခဲ့ကြပြီး အသစ်စက်စက် ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် ဆာလာကတ်ဇာဘိုရဲ့ ပါတီဌာနချုပ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

နိုင်ငံကို နှစ် ၃၀ ကျော် အုပ်စိုးခဲ့တဲ့ သမ္မတ အီဒရစ်ဒဲဘီဟာ ၂၀၂၁ ခုနှစ် ဧပြီလက ရုတ်တရက် ကွယ်လွန်ချိန်ကတည်းက ကျယ်ပြန့်ပြီး စစ်တပ်က ဦးစီးချုပ်ကိုင်တဲ့ ကုန်းတွင်းပိတ် ဗဟိုအာဖရိကနိုင်ငံဟာ မတည်မငြိမ် ဖြစ်နေတာပါ။

2 weeks Ago
Up