လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ မရှိတော့ကြောင်း နည်းပြ ကလော့ပ်ကပြောပါတယ်။
အာဆင်နယ်ကို ၂ ဂိုး ၃ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အသင်းရဲ့စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က မကျေမနပ်ပြောခဲ့တာပါ။
အာဆင်နယ်အသင်းရရှိသွားတဲ့ သုံးဂိုးဟာဆိုရင်လည်း ကစားသမားတွေရဲ့ မလုပ်သင့်တဲ့ အမှားတွေကနေဖြစ်ပြီး စိတ်ပျက်စရာကောင်းခဲ့ကြောင်း နည်းပြကလော့ပ်ကပြောပါတယ်။
“ကျနော်တို့ ချန်ပီယံပြေးလမ်းပေါ်မှာ မရှိတော့ပါဘူး။ ပြေးလမ်းနဲ့ နီးစပ်နေတယ်လို့ စိတ်ကူးယဉ်ကြည့်ရင်တော့ ခဏစောင့်ပါဦးလို့ ဆိုရမလိုပါပဲ။ လက်ရှိအချိန်မှာ ပြဿနာတွေရှိနေတယ်။ ကျနော်တို့ရှေ့ဆက်သွားရမှာပါ”လို့နည်းပြကလော့ပ်က ပြောပါတယ်။
အာဆင်နယ်နဲ့ပွဲမှာ လူးဝစ်ဒီယက်ဇ်နဲ့ အာနိုးလ်တို့ ဒဏ်ရာရရှိသွားတာကလည်း ပိုပြီးခက်ခဲစေနိုင်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောသွားပါတယ်။