close

ချန်ပီယံ ခါဘစ်

close

October 4, 2021

မန်ယူပွဲအားပေးရင်း ဖာဂူဆန်နှင့် စကားလက်ဆုံကြခဲ့သည့် UFC ချန်ပီယံခါဘစ်

ရုရှားနိုင်ငံသား UFC ရွှေခါးပတ်ချန်ပီယံ ခါဘစ်ဟာ မန်ယူနဲ့ အဲဗာတန်ပွဲကို လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ဖာဂူဆန်နဲ့လည်း စကားပြောခဲ့တယ်လို့ သိရပါတယ်။ 

ခါဘစ်ဟာ စီရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး မန်ယူနိုက်တက်အသင်းကို အားပေးရင်း နည်းပြဟောင်းဖာဂူဆန်နဲ့ စကားလက်ဆုံကျခဲ့တာပါ။

ခါဘစ်အပြင် အပြေးချန်ပီယံ အူစိန်ဘော့ဟာလည်း ပတ်ထရစ် အီဗရာနဲ့အတူ အားပေးခဲ့ကြတာပါ။ ခါဘစ်ဟာ ဖာဂူဆန်နဲ့ တွေ့ဆုံချိန်မှာ  ဝိုင်သောက်ခိုင်းခဲ့ပေမယ့် မွတ်စလင်တစ်ဦး ဖြစ်တာကြောင့် သောက်ဖို့ ငြင်းဆိုခဲ့တယ်လို့သိရပါတယ်။

ဆက်လက်ပြီး ဝိုင်သောက်လိုက်မယ်ဆိုရင် အားလုံးကို ရိုက်ခွဲပစ်နိုင်တာကြောင့် မသောက်တာက ကောင်းမွန်တဲ့စိတ်ကူးဖြစ်တယ်လို့ ဖာဂူဆန်ကို အရွှန်းဖောက်ပြီး ပြောခဲ့ကြောင်း ခါဘစ်က RT မီဒီယာကို ပြန်လည်ပြောပြခဲ့တာပါ။

ဖာဂူဆန်ကတော့ အဲဒီလိုဆိုရင်လည်း မသောက်ပါနဲ့လို့ ပြန်လည်အရွှန်းဖောက်ခဲ့ကြောင်း ခါဘစ်က ပြောပါတယ်။ ခါဘစ်က ကျောနံပါတ် ၇ ဂျာစီကိုင်ပြီး အိုးထရတ်ဖို့ဒ်ပွဲကြည့်စင်ပေါ်မှာ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။

8 mins Ago

July 14, 2020

ချန်ပီယံ ခါဘစ်၏ ပွဲစဉ်ကို အလောတကြီး စီစဉ်မည်မဟုတ်သေးဟု UFC ဥက္ကဋ္ဌ ပြော

UFC ဖိုက်တာ ခါဘစ်ရဲ့ ဖခင်ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်ခဲ့တာကြောင့် ခါဘစ်ရဲ့ ပွဲကို အလောတကြီး စီစဉ်မှာ မဟုတ်ကြောင်း UFC ဥက္ကဋ္ဌက ကြေညာလိုက်ပါတယ်။ UFC လိုက်ဝိတ်တန်း ချန်ပီယံ ခါဘစ်ရဲ့ ဖခင်လည်းဖြစ်၊  လေ့ကျင့်ရေးနည်းပြလည်းဖြစ်တဲ့ အက်ဘ်ဒူမာနက်ဟာ ဇူလိုင် ၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တာပါ။  ဒီဆုံးရှုံးမှုဟာ ခါဘစ်အတွက် အလွန်ဆိုးရွားစေပြီး UFC အနေနဲ့ စိတ်မကောင်းဖြစ်မိကြောင်း ဥက္ကဋ္ဌ ဒါနာဝှိုက်က ပြောပါတယ်။  ခါဘစ်ဟာ သူ့ရဲ့ ဖခင်ကို ဘယ်လောက်ချစ်လဲဆိုတာ သိတာကြောင့် အချိန်တစ်ခုလိုအပ်ပြီး သူ့ရဲ့ပွဲစဉ်တွေကို အလောတကြီး စီစဉ်မှာ မဟုတ်သေးကြောင်း UFC ဥက္ကဋ္ဌက ပြောပါတယ်။  ခါဘစ်ဟာ ချန်ပီယံ ကာကွယ်ပွဲအဖြစ် အမေရိကန် ဖိုက်တာ ဂျက်စတင်ဂတ်သ်နဲ့ ထိုးသတ်ဖို့ရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခါဘစ်ရဲ့ ပွဲစဉ်ကို ဘယ်အချိန်မှာ ထိုးသတ်မလဲဆိုတာ ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။  UFC ပွဲစဉ်တွေကို ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ၃ ပွဲ ကျင်းပမှာဖြစ်ပြီး ဇူလိုင် ၁၆၊ ၁၉ နဲ့ ၂၆ ရက်တွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
1 year Ago
Up