close

ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း

close

July 26, 2021

ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် ၂၀၄ ကုတင်ဆံ့ ကိုဗစ်ကုသရေးစင်တာ ဖွင့်လှစ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ ဇူလိုင် ၂၆ ရက် မနက် ၉ နာရီက ချမ်းမြသာစည် ယာယီကိုဗစ်ကုသရေးစင်တာအသစ်ကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီယာယီကုသရေးစင်တာအသစ်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းတာဖြစ်ပြီး ၂၀၄ ကုတင်ဆံ့ စင်တာသစ်တစ်ခုဖြစ်ပါတယ်။

ချမ်းမြသာစည် ယာယီကိုဗစ်ကုသရေးစင်တာအသစ်မှာ တနေ့ကို လူနာအယောက် ၃၀ နှုန်းနဲ့ နေ့စဉ် လက်ခံသွားမယ်လို့ သိရပါတယ်။

ကိုဗစ်လူနာ တက်ရောက် ကုသရေးအပိုင်းကို တိုင်းကျန်းမာက စီမံခန့်ခွဲမယ်လို့ သိရှိရပါတယ်။

Photo - ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေ ရှာဖွေရေး ကော်မတီ

4 mins Ago
Up