close

ချမ်းမြသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး

close

December 7, 2021

ချမ်းမြသာစည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ၊ စစ်တပ်ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး သေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း (၁၁၀ လမ်း) ၊ ၄၅ လမ်းနဲ့ ၄၆ လမ်းကြားရှိ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဒီဇင်ဘာလ ၆ ရက် ညနေ ၆ နာရီကျော်က လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အတားအဆီးတွေချထားတဲ့အပြင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာရှိပြီး ၄၅ A လမ်းဘက်ကနေ ဗုံးနဲ့ပစ်တာလို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

“အရင်တခါ ဗုံးနဲ့ပစ်ခံထားရတော့ အတားအဆီးတွေကို ဒူးကြားလမ်း ၄၅ A လမ်း ထိပ်အထိ ချထားတာ။ မနော်ဟရီလမ်းမှာလည်း ချထားတယ်။ ၄၅ A လမ်းဘက်ကနေ လှမ်းပစ်တာ။” 

ဗုံးနဲ့ပစ်ခံရတဲ့အတွက် စစ်ကောင်စီတပ်သားတွေက ရမ်းသမ်းပြန်လည်ပစ်ခတ်ရာ လမ်းထိပ် ကွမ်းယာဆိုင်က ကလေးငယ်တစ်ဦး သေနတ်မှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်ကို အိမ်ပြန်သယ်ခွင့်မပေးပဲ ဆေးရုံကနေတဆင့် သင်္ဂြိုဟ်ဖို့ မိသားစုတွေကို ဖိအားပေးတာရှိတယ်လို့ သိရပါတယ်။

2 mins Ago
Up