close

ချမ်းသာကျေးရွာ

close

March 2, 2022

ရေဦးမြို့နယ် ချမ်းသာကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်၊ ဒေသခံများ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်တွေ မတ်လ ၂ ရက်နေ့ မနက် ၄ နာရီလောက်က ဝင်ရောက်ခဲ့တာကြောင့် ပြည်သူ ၃,၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီချမ်းသာကျေးရွာကို ဝင်ရောက်ရှာဖွေတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ နဲ့ တောင်ကွယ်ကျေးရွာကနေ လာရောက်ခဲ့တာလို့ ဆိုပါတယ်။

ချမ်းသာကျေးရွာသားတဦးက “ဒီကောင်တွေ တောင်ခွင်ရွာကို မတ်လ ၁ ရက်နေ့ ရောက်နေကတည်းက ကျနော်တို့ ချမ်းသာရွာကလူတွေ ကြိုထွက်ပြေးနေကြရတယ်။ ဒီနေ့ ဒီကောင်တွေ ကျနော်တို့ရွာကို မွှေနေကြပြီ။ ရွာထဲလည်း တယောက်မှမရှိတော့ ဘာတွေဖျက်ဆီးလို့ ဖျက်ဆီးခဲ့မှန်း မသိသေးဘူး။ သူတို့ထွက်သွားမှ အတိအကျ သွားကြည့်ရမှာ။ အခုဟာကတော့ ကြောက်လို့ မသွားရဲသေးဘူး" လို့ ပြောပါတယ်။

ချမ်းသာကျေးရွာအုပ်စုဟာ အိမ်ခြေ ၇၀၀ နီးပါး၊ လူဦးရေ ၃,၅၀၀‌ လောက်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာ တောင်ခွင်ရွာ၊ ချမ်းသာ၊ ရွာသစ်ဘုရားကုန်း၊ ဘူတာအနီးတဝိုက် အဖွဲ့ခွဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

1 min Ago
Up