close

ချလ်ဆီး

close

April 29, 2023

ဘိုင်ယန်မြူးနစ်၌ အဆင်မပြေဖြစ်နေသည့် မာနေးကိုခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း

ချဲလ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆီနီဂေါတိုက်စစ်မှူး မာနေးကိုခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

မာနေးဟာ ဆောက်သမ်တန်၊ လီဗာပူးအသင်းတွေမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၁၁ ဂိုးသွင်းခဲ့ပြီး လီဗာပူးအသင်းမှာအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူပါ။

မန်စီးတီးကိုရှုံးနိမ့်ပြီး ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခဲ့ရအပြီးမှာ အသင်းဖော် ဆာနေးကို မာနေးက လက်သီးနဲ့ ထိုးကြိတ်ခဲ့ပြီး စကားများခဲ့ကြတာပါ။

အဲဒီအတွက် အသင်းဘက်က အမြင့်မားဆုံးဒဏ်ကြေးရိုက်ခဲ့ပြီးပွဲစဉ်တစ်ပွဲကိုလည်း ပွဲပယ်ပြစ်ဒဏ်ချခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ မာနေးရဲ့အခြေအနေကိုစောင့်ကြည့်နေပြီး တိုက်စစ်ပိုင်း အင်အားဖြည်းတင်းမှုအနေနဲ့ ခေါ်ယူသွားမယ်လို့ Football Insider သတင်းမှာဖော်ပြပါတယ်။

ဘိုင်ယန်အသင်းဘက်ကလည်း ပေါင်သန်း ၃၀ ကျော်ရမယ်ဆိုရင် မာနေးကို ပြန်လည်ရောင်းချဖို့ စဉ်းစားနိုင်တယ်လို့သိရပါတယ်။

10 mins Ago
Up