close

ချာလမ်ဖွန်စရီဆာဝပ်ဒီ

close

January 20, 2023

ထိုင်းစစ်ဦးစီးချုပ်ကို မြန်မာစစ်ခေါင်းဆောင်က ငပလီတွင် ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံ (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေ Pristine Mermaid Resort မှာ ဇန်နဝါရီ  ၁၉ ရက်က   ညစာစားပွဲနဲ့  ကြိုဆို ဧည့်ခံခဲ့ပါတယ်။  

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ဖွန်စရီဆာဝပ်ဒီ ဦးဆောင်တဲ့ ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ၈ ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး တက်ဖို့ မနေ့မနက်က ထိုင်းဘုရင့်တပ်မတော် အထူး လေယာဉ်နဲ့ သံတွဲမြို့မှာ ရောက်ရှိနေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မနေ့က  ရခိုင်ပြည်နယ်ကိုရောက်ရှိလာပြီး သံတွဲမြို့အနီးရှိ နယ်မြေခံရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

Photo-DSINFO/ Military Knowledge for Nation's Might

5 hours Ago
Up