close

ချိပ်ပိတ်

close

May 12, 2023

ကျိုက်ထိုမြို့ခံ ၂ ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဖြင့်စွပ်စွဲပြီး နေအိမ်နှင့် ဆိုင်များကို ချိပ်ပိတ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပေါ်ရပ်ကွက် နေသူ တဦးနဲ့ စစ်တောင်းရွာနေသူ တဦးရဲ့ နေအိမ်နဲ့ ဆိုင်တွေကို စစ်တပ်က မေ ၁၀ ရက်မှာ ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်ဖက်မှု ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ ကျိုက်ထိုမြောက်ပိုင်းရပ်ကွက်က ထက်ဥက္ကာလင်း (ခ) ဥက္ကာရဲ့ ဆိုင်ကယ်ပစ္စည်း အရောင်းဆိုင်နဲ့ နေအိမ်၊ စစ်တောင်းကျေးရွာနေ နေလင်းထိုက်(ခ) အာမီပိုင်ဆိုင်တဲ့ ပန်းတော်ဦး ကုန်စုံဆိုင်ကို ချိတ်ပိတ်လိုက်တာပါ။ 

ထက်ဥက္ကာလင်းကို စစ်တပ်က ဖမ်းဆီးပြီး တလကျော်အကြာမှာ အခုလို နေအိမ်နဲ့ ဆိုင်ကိုပါ တပါတည်း ချိတ်ပိတ်လိုက်ပြီး သူ့နဲ့အတူ ပန်းတော်ဦးကုန်စုံဆိုင်ကိုပါ ချိတ်ပိတ်ခဲ့တာပါ။

ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်က ချိပ်ပတ်ခံရတဲ့ နေအိမ် ၁၀ လုံးထိ ရှိပါတယ်။

3 mins Ago

May 7, 2023

ဘုတ်ပြင်း လုပ်ငန်းရှင် ၁ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုအားလုံးကို စစ်တပ်က ချိပ်ပိတ်

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်၊ ကမချောင်းကျေးရွာက လုပ်ငန်းရှင်တယောက်ရဲ့ နေအိမ် အပါအဝင် ပိုင်ဆိုင်မှု‌အားလုံးကို စစ်တပ်က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၅ ရက်က  ဦးအောင်ဇော်ဦး ပိုင်တဲ့ အရုဏ်ဦး ဆီဆိုင်ကို ချိပ်ပိတ်တဲ့အပြင် နေအိမ်နဲ့ မြေကွက်တွေကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း ဆိုင်းဘုတ်ကပ်သွားတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

လုပ်ငန်းရှင် ဦးအောင်ဇော်ဦးကို PDF နဲ့ ငွေကြေးထောက်ပံ့နေသူလို့ ဆိုကာ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ် ၂၅ ရက်မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဘုတ်ပြင်းမြို့ခံတဦးက "စီးပွားတူ လုပ်ငန်းရှင် တချို့ရဲ့ ပရောဂမကင်းဘူးလို့ မြင်ပါတယ်။ ဘုတ်ပြင်းနယ်ခံလုပ်ငန်းရှင် တချို့က တချက်ခုတ် နှစ်ချက်ပြတ်လုပ်လိုက်တာလို့ မြင်တယ်" လို့ ပြောပါတယ်။

လုပ်ငန်းရှင်ဦးအောင်ဇော်ဦး ဖမ်းဆီးခံရပြီးနောက် ဒေသခံ တချို့ကိုလည်း ပတ်သက်ဆက်နွှယ်တယ်လို့ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ၄ ရက်လောက်အကြာမှာ ပြန်လွှတ်‌‌ပေးလိုက်တယ်လို့ သိရပါတယ်။

စစ်တပ်က နေအိမ်တွေ ချိပ်ပိတ်ပြီးနောက် ဦးအောင်ဇော်ဦးရဲ့ မိသားစုဝင်တွေကိုလည်း နေအိမ်က အမြန်ဆုံးထွက်ခွာဖို့ ပြော‌ဆိုခဲ့တယ်လို့ သိရပါသေးတယ်။ 

လက်ရှိမှာတော့ ဦးအောင်ဇော်ဦးကို အကြမ်းဖက်ဥပဒေပုဒ်မ ၅ဝ ညနဲ့ တရားစွဲဆိုထားပြီး ဘုတ်ပြင်းရဲစခန်းမှာ ထိန်းသိမ်းထားကာ ထပ်မံတရားဆွဲဖို့ ပြင်ဆင်‌နေတယ်လို့ သိရပါတယ်။

5 days Ago
Up