close

ချီဖွေ

close

May 24, 2021

“ကျောင်းအုပ်ကြီး ရပ်တန်းကရပ်ပါ” ဆိုတဲ့ ချီဖွေစစ်ကျွန်ပညာဆန့်ကျင်ရေးလှုပ်ရှားမှု

ကချင်ပြည်နယ်ချီဖွေမြို့မှာ ကျောင်းအပ်စတင်လက်ခံမဲ့ မေ ၂၄ ရက်နေ့မနက်ပိုင်းက စတင်ကာ မြို့တွင်းနဲ့ကျောင်းတွေမှာ ကျောင်းမအပ်နှံရေးနဲ့ စစ်ကျွန်ပညာ အလိုမရှိကြောင်း ဆန့်ကျင်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

ကျောင်းအုပ်ကြီးရပ်တန်းကရပ်ပါ၊ ကာယ ရသချိန်မှာ မြက်ရှင်းချင်သလား အစရှိသော စာသားများကို ချီဖွေ အ.ထ.က ကျောင်းနဲ့ မြို့တွင်းလမ်းတွေမှာ ရေးသားကာ ဆန့်ကျင်ကြတာဖြစ်ပါတယ်။

2 months Ago

May 21, 2021

ချီဖွေမြို့နယ်က ကချင်စစ်ဘေးရှောင်ပြည်သူအချို့ နေရပ်ပြန်

ကချင်ပြည်နယ်၊ ချီဖွေမြို့မှာ ခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတချို့ဟာ သူတို့ရဲ့ရွာမှာ နေအိမ်တွေ ဆောက်လုပ်ပြီးစီးသွားတဲ့အတွက်  နေရပ်ပြန်ကာ မေလ ၂၀ ရက်နေ့မှာ အိမ်သစ်ကို ဆုတောင်းဆက်ကပ်တာ‌တွေ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆောက်လုပ်ပြီးစီးတဲ့ စစ်ရှောင်အိမ်ခြေ ၃၄ အိမ်ကို ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းရဲ့ လှူဒါန်းတဲ့ ထောက်ပံ့ငွေနဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC က တာ၀န်ယူတည်ဆောက်ပေးတာ ဖြစ်ပါတယ်။

ချီဖွေမြို့မှ ၇ မိုင်ကျော်ဝေးတဲ့  ဂျိတ်လွယ်ရွာကဒေသခံတွေဟာ ၂၀၁၁ခုနှစ် ကချင်စစ်ပွဲပြီးနောက် ချီဖွေမြို့ပေါ်က KBC စစ်ရှောင်စခန်းမှာ နေထိုင်ခဲ့ရာမှ ဆယ်စုနှစ်အကြာမှာ မိမိနေရပ်ပြန်နိုင်တာဖြစ်ပါတယ်။

ချီဖွေမြို့ပေါ်က စစ်ရှောင်ရွာခံတချို့ကတော့  လုံခြုံရေးနဲ့ ပျက်စီးသွားတဲ့ သူတို့ရဲ့ နေအိမ်တွေ ပြန်လည် ပြုပြင်ဆောက်လုပ်ပေးနိုင်ခြင်းမရှိသေးလို့ မိမိနေရပ်ပြန်ဖို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။

2 months Ago
Up