close

ချီလိုကျွန်း

close

December 11, 2021

ချီလိုကျွန်းတွင် တောမီးလောင်ပြီး လူနေအိမ် ၁၀၀ ခန့် လောင်ကျွမ်း

ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ချီလီနိုင်ငံတောင်ပိုင်းက ချီလိုကျွန်းမှာ ဒီဇင်ဘာ ၁၀ ရက်က တောမီးကြောင့် လူနေအိမ် ၁၀၀ လောက် လောင်ကျွမ်းသွားတယ်လို့ ဒေသအရာရှိတွေက ပြောပါတယ်။ 

နေရာအနည်းအကျဉ်းကလွဲလို့ ညတွင်းချင်း မီးကိုထိန်းနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဌာနက ပြောပါတယ်။

မီးလောင်မှု ဖြစ်တဲ့ ချီလိုကျွန်းစုဒေသဟာ မြို့တော်ဆန်တီယာဂိုရဲ့ တောင်ဘက် မိုင် ၆၀၀ အကွာမှာ တည်ရှိပါတယ်။ မီးဘေးသင့်တဲ့ ဒေသခံတွေဟာ  ပြန်ရသလောက် သယ်ယူနေတာကိုလည်း တွေ့ရပါတယ်။

2 mins Ago
Up