close

ချီလီနိုင်ငံ

close

September 3, 2022

ချီလီနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲကျင်းပမည်

ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးမှုကို အဆုံးသတ်လိုက်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပြည်သူ ၁၅ သန်းလောက်ဟာ စက်တင်ဘာ ၄ ရက်နေ့မှာ မဲပေးကြဖို့ရှိနေပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုအဆိုပြုထားတဲ့ ထောက်ခံသူတွေ ပါဝင်တဲ့ လူထောင်ပေါင်းများစွာဟာ ဆန်တီယာဂိုက ပွဲအခမ်းအနားတွေမှာ  မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာ ၁ ရက်နေ့က  ပြီးဆုံးသွားတာပါ။

ဒီဖွဲ့စည်းပုံအသစ်ဟာ တစ်နှစ်ကျော်ကြာ ရေးဆွဲခဲ့တာဖြစ်ပြီး အမျိုးသားနဲ့ အမျိုးသမီးအကြား တန်းတူညီမျှမှုအကြောင်း ထည့်သွင်းထားတဲ့ စာသားအသစ်ကို ထောက်ခံတဲ့အကြောင်း ထောင်နဲ့ချီတဲ့လူတွေက မြို့တော်ရဲ့အဓိကလမ်းမပေါ်မှာ စုဝေးပြီး ကြွေးကြော်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ဆန့်ကျင်တဲ့အဖွဲ့တွေကလည်း ချီလီမြို့တော်က ဟိုတယ်တစ်ခုမှာ စုဝေးခဲ့ကြပြီး စက်တင်ဘာ ၄ ရက်မှာ အဲဒီစာသားကို ဆန့်ကျင်မဲပေးရေး နိုင်ငံသားတွေကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ချီလီနိုင်ငံသားတွေထဲမှာလည်း ဒါကိုထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ဆိုပြီး သဘောကွဲလွဲနေပါတယ်။ 

မညီမျှမှုကို ဆန့်ကျင်တဲ့ အကြမ်းဖက်ဆန္ဒပြပွဲတွေက ကမ္ဘာ့ထိပ်တန်း ကြေးနီထုတ်လုပ်တဲ့ နိုင်ငံကို အုံကြွသွားစေပြီး တနှစ်အကြာ ၂၀၂၀ ပြည့်နှစ်မှာ ချီလီနိုင်ငံသား ၈၀ ရာခိုင်နှုန်းနီးပါးက ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ မဲပေးခဲ့ကြပါတယ်။

ဒါပေမဲ့ထောက်ခံမှု ကျဆင်းသွားပြီး စစ်တမ်းတွေမှာ မဲဆန္ဒရှင်တွေဟာ စာသားအသစ်ကို ငြင်းပယ်မယ့် အလားအလာ ပိုများကြောင်း ပြနေပါတယ်။

လူမှုရေးအခွင့်အရေးတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို အာရုံစိုက်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ ဩဂတ်စ်တိုပီနိုချေး လက်ထက်က စတင်ပြီး ဈေးကွက်ကို ဖော်ဆောင်ရေးဆွဲထားတဲ့ လက်ရှိဖွဲ့စည်းပုံကနေ သိသိသာသာ ပြောင်းလဲသွားတာဖြစ်ပါတယ်။ 

6 mins Ago

February 20, 2022

ချီလီနိုင်ငံ ကမ်းခြေတွင် ငါးအသေများ အစုအပြုံလိုက်တွေ့ရှိ

ချီလီနိုင်ငံ ဘိုင်အိုဘိုင်အိုဒေသမှာရှိတဲ့ ကမ်းခြေမှာ ငါးသေတ္တာ ငါးအသေတွေကို ဒီရက်ပိုင်းအတွင်း အစုအလိုက်အပြုံလိုက်တွေ့ရပါတယ်။

ဘာကြောင့် ငါးတွေ အခုလောက် သေဆုံးရသလဲဆိုတဲ့အကြောင်းကို လူတွေ သိချင်နေကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကိုလျံမိုကျွန်းဆွယ်ဒေသမှာ ပင်လယ်ရေ ညစ်ညမ်းမှု အခြေအနေဆိုးနေတာကြောင့် ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဒေသခံတချို့ကလည်း ရေထဲမှာ အောက်ဆီဂျင်များလွန်ပြီး ငါးတွေ အသက်ရှင်နိုင်တဲ့ ပမာဏကို ကျော်လွန်နေသလားဆိုတာကို ထင်ကြေးပေးနေကြပါတယ်။ ဒါပေမဲ့ အခုလို ကြုံတောင့်ကြုံခဲ ထူးဆန်တဲ့ ဖြစ်ရပ်အတွက် အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

6 months Ago
Up