close

ချီလီမြောက်ပိုင်း

close

November 12, 2022

ချီလီမြောက်ပိုင်းတွင် ဗြိတိန် နက္ခတ္တဗေဒပညာရှင် အလောင်းတွေ့ရှိ

ချီလီနိုင်ငံမြောက်ပိုင်းရှိ လာဆီလာ နက္ခတ်တာရာ စူးစမ်းလေ့လာရေးစခန်းကို သိပ္ပံဆိုင်ရာ သုတေသနပြုဖို့ ရောက်ရှိလာရင်း စက်တင်ဘာလလယ်မှာ ပျောက်ဆုံးသွားတဲ့ ဗြိတိန် နက္ခတ္တဗေဒပညာရှင် သောမတ်စ် မာ့ရှ်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ချီလီအာဏာပိုင်တွေ က နိုဝင်ဘာလ ၁၀ ရက်က ပြောပါတယ်။ 

ချီလီမြို့တော် ဆန်တီယာဂိုမြောက်ဘက် ကီလိုမီတာ ၆၀၀ အကွာက ခြောက်သွေ့တဲ့ တောင်တန်း ဒေသမှာရှိတဲ့ လာဆီလာ နက္ခတ်တာရာ အဆောက်အအုံမှာ ဝေါဝစ်ခ်တက္ကသိုလ်မှ သောမတ်စ် မာ့ရှ် ကိုရှာဖွေရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာပါ။

“ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေက အသည်းအသန် ရှာဖွေပြီးနောက်မှာ  စက်တင်ဘာ ၁၆ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ နက္ခတ္တဗေဒပညာရှင် ရဲ့ အသက်မဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့ပါပြီ”လို့ ကိုကင်မ်ဘို မြောက်ပိုင်းဒေသရှိ ရဲဌာနရဲ့ တွစ်တာအကောင့်မှာ ပြောထားပါတယ်။ 

သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ အာဏာပိုင်တွေက မဖော်ပြထားပါဘူး။ ချီလီနိုင်ငံ မြောက်ပိုင်းဟာ သူ့ရဲ့ကောင်းကင်ယံအရည်အသွေးကြောင့် နက္ခတ္တဗေဒ လေ့လာကြည့်ရှုဖို့ ကမ္ဘာ့အချက်အချာ နေရာတခုဖြစ်ပြီး လာဆီလာ နက္ခတ်တာရာ စူးစမ်းလေ့လာရေးစခန်း အဆောက်အအုံဟာ Atacama သဲကန္တာရရဲ့ တောင်ဘက်စွန်းမှာ တည်ရှိပါတယ်။ 

3 mins Ago

January 11, 2022

ချီလီမြောက်ပိုင်း ဆင်းရဲသားရပ်ကွက် မီးလောင်၊ လူ ၄၀၀ ခန့် အိုးအိမ်မဲ့ဖြစ်

ချီလီနိုင်ငံမြောက်ပိုင်း အီကီကေမြို့က ဆင်းရဲသား ရပ်ကွက်မှာ ဇန်နဝါရီ ၁၀ ရက်မှာ အိမ်ခြေ ၁၀၀ ထက်မနည်း  မီးလောင်ကျွမ်းခဲ့လို့ လူအယောက် ၄၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံ အာဏာပိုင်တွေကပြောပါတယ်။

အဆိုပါမီးလောင်မှုဟာ မနေ့ကဖြစ်ပွားခဲ့တာလို့ တာမာဂူဂယ်ပြည်နယ်က သမ္မတလောင်း ကိုယ်စားလှယ် မစ်ဂယ် အိန်ဂျယ် ကေးဇာဒါက ပြောပေမဲ့ မီးလောင်မှုဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မီးငြှိမ်းသတ်ဖို့အတွက် ရေအလုံအလောက် မရရှိခဲ့ဖူးလို့လည်း ချီလီသတင်းတွေမှာ ဖော်ပြပါတယ်။

မီးလောင်ပျက်စီးတဲ့ အိမ်တွေ အများအပြားဟာ စနစ်တကျ မဟုတ်ဘဲ မြို့ပြ အခြေချနေထိုင်တဲ့ ရပ်ကွက်ထဲမှာ ဆောက်ထားတာဖြစ်ပြီး မီးဘေးသင့် မိသားစုတွေအတွက် နေစရာတွေကို အာဏာပိုင်တွေက စီစဉ်ပေးခဲ့ပါတယ်။

10 months Ago
Up