close

ချီလီရွေးကောက်ပွဲ

close

December 20, 2021

ချီလီရွေးကောက်ပွဲ ကျောင်းသားခေါင်းဆောင်ဟောင်း အနိုင်ရ

ချီလီနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျောင်းသားခေါင်းဆောင်ဟောင်း ဂါဘရီဘယ် ဘိုရစ် Gabriel Boric က အနိုင်ရသွားပါတယ်။ 

လွန်ခဲ့တဲ့ ၁၀ နှစ်အထိ ကျောင်းသား ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ဥပဒေကျောင်းသားဟာ ချီလီ သမိုင်းမှာ အသက်အငယ်ဆုံး သမ္မတ ဖြစ်လာတော့မှာပါ။ 

သူဟာ တိုးတက်တဲ့ လက်ဝဲယိမ်း နိုင်ငံရေးသမားဖြစ်ပြီး မတ်လကျရင် ရာထူးလက်ခံဖို့ ရှိပါတယ်။

ဈေးကွက် ဦးစားပေး စီးပွားရေးစနစ်ကြောင့် တိုင်းပြည်စီးပွားရေး တိုးတက်လာပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားလာတာကို မီးမောင်းထိုးပြရင်း စည်းရုံးမဲဆွယ်ခဲ့တဲ့ ဘိုရစ်က သူအနိုင်တဲ့အခါမှာလည်း ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ထပ်ပြီး အာမခံပါတယ်။ 

အစိုးရ ဘတ်ဂျက်ကို တာဝန်ယူမှု အပြည့်နဲ့ သုံးစွဲမှာဖြစ်ပြီး ကမ္ဘာမှာ ကြေးနီးအများဆုံး ထွက်တဲ့ ချီလီ နိုင်ငံရဲ့ စီးပွားရေးကို ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမယ်လို့ ထပ်ပြီး ကတိပြုလိုက်ပါတယ်။

6 mins Ago

December 16, 2021

ချီလီရွေးကောက်ပွဲမတိုင်မီ လက်ဝဲ၊ လက်ယာ အုပ်စု ပြိုင်ဆိုင်မှု အားကောင်း

ချီလီသမ္မတရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၉ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့   မဲပေးရမှာဖြစ်ပေမဲ့ ရွေးကောက်ပွဲမတိုင်မီ ချီလီမဲဆန္ဒရှင်တွေကြားမှာ လက်ဝဲနဲ့ လက်ယာ အုပ်စုပြိုင်ဆိုင်မှုက ကြီးမားနေပါတယ်။

၂၀၀၉ ကတည်းက ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ပြီး အားကောင်းလာတဲ့ တအုပ်စုက ကျောင်းသားခေါင်းဆောင်ဟောင်း ‘ဂါဘရီယယ်လ်ဘောရစ်’ ဦးဆောင်တဲ့ တိုးတက်သောလက်ဝဲအုပ်စုနဲ့ အစွန်းရောက်ကွန်ဆာဗေးတစ် ဟိုဆေးအန်တိုနီယိုကစ်  (Jose Antonio Kast) ဦးဆောင်ပြီး တင်းကျပ်တဲ့ဥပဒေအမိန့်တွေ လိုလားနေတဲ့ ပြိုင်ဘက် လက်ယာအုပ်စုတို့ ပြိုင်ဆိုင်မှု ကြီးမားနေတာပါ။

ချီလီ Central University ရဲ့ ဒါရိုက်တာ ပါမောက္ခ မာကိုမော်ရေးနိုး (Marco Moreno) ကတော့ “ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ အရေးမကြီးဘူး၊ ရှုပ်ထွေးတဲ့ ချီလီအခြေအနေကို ဘယ်သူ အုပ်ချုပ်နိုင်စွမ်းရှိလဲဆိုတာသာ အဓိကပါ။ ချီလီမှာ စီးပွားရေးပြဿနာကြောင့် ဖြစ်လာတဲ့ အုပ်ချုပ်ရေး မသေချာမ‌ရေရာမှုကို ဖြေရှင်းဖို့အတွက် အခြေခံဥပဒေက အသင့်မဖြစ်ပါဘူး။ ဒါကြောင့် ပြဿနာဖြေရှင်းဖို့ ကစားပွဲစည်းမျည်း (rules of the game) က ရှင်းရှင်းလင်းလင်း ရှိမနေဘူး။ ဒီတော့ ရွေးချယ်မှုကနေ နိုင်ငံရေးတောင်းဆိုမှုတွေ အများအပြား ရှိလာပါလိမ့်မယ်” လို့  ပြောပါတယ်။

တောင်အမေရိကတိုက်လို စီးပွားရေး၊ နိုင်ငံရေး မတည်ငြိမ်တဲ့ဒေသမှာ ချီလီကို ကမ္ဘာမှာ ကြေးနီအများဆုံး ထုတ်လုပ်ပြီး အတော်အတန် တည်ငြိမ်နေတဲ့နိုင်ငံလို့ အများက မြင်ထားကြတာပါ။ ဒါပေမဲ့ အခုအခါ  ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ ဘောရစ်နဲ့ ကက်စ်တို့ကြား ချီလီနိုင်ငံ အနာဂတ်အပေါ် အမြင်ခြားနားမှုက ကြီးမားနေပါတယ်။

4 days Ago
Up