close

ချေမှုန်းရေးလက်နက်

close

July 6, 2022

လက်နက်ကိုင်ဆောင်ခွင့် ပိတ်ပင်ရန်လိုဟု အမေရိကန်ဒုသမ္မတပြော

အမေရိကန်ပြည်ထောင်စုရဲ့ လမ်းမတွေပေါ်မှာ စစ်ပွဲတွေမှာ အသုံးပြုတဲ့ ချေမှုန်းရေးလက်နက်တွေ ကိုင်ဆောင်ခွင့် ပိတ်ပင်ဖို့လိုတယ်လို့ ဒုသမ္မတ ကမ္မလာ ဟာရစ်က ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။

ချီကာဂိုမှာရှိတဲ့ နေရှင်နယ် ပညာရေးအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ဒုတိယသမ္မတက အခုလို ပြောလိုက်တာပါ။

အမေရိကန် တရားရုံးချုပ် (Supreme Court) ဟာ အရင်လတုန်းက လူတယောက်ချင်း လက်နက်ကိုင်ဆောင်ခွင့်ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံထားတဲ့ အခွင့်အရေး ဖြစ်တယ်ဆိုပြီး ဆုံးဖြတ်လိုက်တာကြောင့် နောက်ပိုင်းထုတ်ပြန်ထားတဲ့ လက်နက်ကိုင်ဆောင်ခွင့်ကို တင်းကျပ်ထားတဲ့ ဥပဒေတွေအပေါ် လွှမ်းမိုးဖို့ ဖြစ်လာပါတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ဒီလပိုင်းတွေအတွင်း မေ ၂၄ ရက်က တက္ကဆက်က မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုအတွင်း ကလေး ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့ရသလို ဒီမတိုင်ခင် ၁၀ ရက်က ဘတ်ဖလိုးမြို့က စားသောက်ကုန်ရောင်းတဲ့ စူပါမားကက်တခုမှာ သေနတ်ပစ်ခတ်မှုအတွင်း လူ ၁၀ ယောက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့လတုန်းကတော့ အမေရိကန်ကွန်ဂရက်က ပြည်ထောင်စုလက်နက်ကိုင်ဆောင်ခွင့် ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အတည်ပြုခဲ့ပါတယ်။

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ပြည်ထောင်စုဘတ်ဂျက်ကို ပြည်နယ်တွေမှာ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့လူတွေ လက်ထဲက လက်နက်တွေ ဖျက်သိမ်းရေးအတွက် ဥပဒေတွေကို စိစစ်ပြင်ဆင်နိုင်ရေးမှာ အသုံးပြုဖို့အတွက် ခွင့်ပြုထားပါတယ်။

33 mins Ago
Up