မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နဲ့ ဆယ်မိုင်အကွာ သံလွင်မြစ်အတွင်း အမည်မပါရှိတဲ့ မသင်္ကာစရာ အရှည် ၅၅ ပေရှိ စက်လှေတစ်စီးကို ဧပြီ ၂ ရက် မနက် ၁ နာရီကျော်က စစ်ကောင်စီရေတပ်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါစက်လှေအား တက်ရောက်စစ်ဆေးရာ စက်လှေဝမ်းဗိုက်ထဲမှာ အထောက်အထားမဲ့ မွတ်စလင် ကျား ၁၀၂ ဦး၊ မ ၂၀ ဦး၊ ကလေး ကျား ၁ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၂၈ ဦးကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီသြဇာခံမီဒီယာတွေ ကနေ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို မော်လမြိုင်မြို့ကို ပို့ဆောင် စစ်ဆေးနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာအုပ်စု၊ ခလောက်ချ၊ ဝင်းစန်ကျေးရွာ ဆိပ်ကမ်းတွေမှာ မတ် ၂၄ ရက် ညနဲ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ ၁၅၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး သံဖြူဇရပ်မြို့အားကစားကွင်းမှာ ကျား၊ မ ခွဲခြားထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကဒါကျေးရွာမှာ တောင်မြေပြိုခဲ့တဲ့အတွက် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ် ၁၇ ရက် မနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ကဒါကျေးရွာမှာ တောင်ပြိုကျတာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
တောင်မြေပြိုကျခဲ့တဲ့ နေအိမ်ပတ်ဝန်းကျင်က အိမ်ထောင်စု ၁၀ စုလောက်ကို ကျေးရွာအတွင်းရှိ ဆွေမျိုးနေအိမ်တွေကို အရေးပေါ် ရွှေ့ပြောင်းထားပြီး တောင်ပြိုကျတဲ့ နေရာမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ပြီး ရှင်းလင်းဖို့ ကြိုးပမ်းနေပါတယ်။
ချောင်းဆုံမြို့နယ် အပြိုင်းကျေးရွာမှာလည်း သြဂုတ် ၁၆ ရက်က တောင်မြေပြိုကျခဲ့လို့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက တောင်မြေပြိုကျခဲ့လို့ ဒေသခံပြည်သူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။