close

ချောင်းရေထဲမျော

close

October 9, 2022

ပခုက္ကူတွင် ချောင်းရေထဲမျောပါသွားသူ မိသားစုဝင် ၄ ဦးအနက် ၃ ဦးကို သေဆုံးလျက်တွေ့ရှိ

မကွေးတိုင်း ပခုက္ကူမြို့မှာ ဆင်ပေါက်လှချောင်း ရေလျှံပြီး ရေထဲမျောပါသွားသူ မိသားစု ၄ ယောက်ကို ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ အောက်တိုဘာ ၉ ရက် မနက်မှာတော့ ၃ ယောက်ကို သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းမှာ ကလေး ၂ ယောက်နဲ့ ညနေပိုင်းမှာ မိခင်ဖြစ်သူတို့ကို ​သေဆုံးလျက် ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

"မနေ့က သုံးယောက် တွေ့တယ်။ ကလေးတွေရဲ့ အဖေကိုတော့ ဒီနေ့ ဆက်ရှာနေပါတယ်။ ကလေး တွေကိုတော့ မနေ့ညနေကတည်းက သင်္ဂြိုဟ်လိုက်တယ်။"

ပခုက္ကူမြို့မှာ အောက်တိုဘာ ၇ ရက်ညက မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဆင်ပေါက်လှ ချောင်းရေလျှံပြီး ချောင်းနားနေအိမ်မှ  မိသားစု ၄ ယောက် ရေထဲ မျောပါသွားခဲ့တာပါ။ 

မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် နေအိမ်အလုံး ၄၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပြီး နေအိမ် ၃ လုံး ရေထဲ မျောပါသွားခဲ့တာကြောင့် ရေဘေးသင့်မိသားစုတွေအတွက် စားဝတ်နေရေးထောက် ပံ့မှု လိုအပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

3 hours Ago
Up