close

ချဲလ်ဆီးပိုင်ရှင်မိုဗစ်

close

March 11, 2022

ချဲလ်ဆီးပိုင်ရှင်မိုဗစ် အရေးယူခံရမှုကြောင့် ကစားသမား ၅ ဦး အသင်းနှင့် လမ်းခွဲရမည်

ဗြိတိန်အစိုးရက ချဲလ်ဆီးအသင်းရဲ့ ရုရှာလူမျိုးပိုင်ရှင်အေဗရာမိုဗစ်ကို အရေးယူခဲ့တာကြောင့်  ကစားသမား ၅ ဦးက စာချုပ်သက်တမ်းတိုးခွင့်မရှိတော့ဘဲ အသင်းနဲ့လမ်းခွဲရတော့မှာဖြစ်ပါတယ်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ရုရှားစီးပွားရေးလုပ်ငန်းရှင် ၇ ဦးကို ဗြိတိန်အစိုးရက စီးပွားရေးပိတ်ဆို့မှုတွေလုပ်ခဲ့တာပါ။ 

အဲဒီရုရှားလုပ်ငန်းရှင် ၇ ဦးထဲမှာ အင်္ဂလန်ကလပ်ချဲလ်ဆီးအသင်း ပိုင်ရှင် အေဗရာမိုဗစ်လည်းပါဝင်နေတာပါ။ 

အဲဒီလို အရေးယူခံရမှုကြောင့် အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်ခွင့်မရှိတော့သလို ကစားသမားခေါ်ယူခွင့်တွေနဲ့ စာချုပ်သက်တမ်းတိုးခွင့်တွေလည်း ပိတ်ပင်ခံခဲ့ရတာပါ။ 

ချဲလ်ဆီးနောက်ခံလူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာ၊ ရူဒီဂါနဲ့ ခရစ္စတီယန်ဆန် တို့ဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အရေးယူခံရမှုကြောင့် သက်တမ်းတိုးခွင့်မရှိတော့ဘဲ အသင်းနဲ့လမ်းခွဲသွားရမှာပါ။ 

ဒါ့အပြင် ဟော်လန်ကလပ် ဗစ်တက်ဆီမှာ အငှားထွက်ကစားပြီးပြန်ရောက်လာတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ချာလီမူဆန်ဒါဟာလည်း ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်လို့ အသင်းနဲ့လမ်းခွဲရမှာပါ။ 

အလားတူ အက်သလက်တီကိုကနေ အငှားစာချုပ်နဲ့ခေါ်ယူထားတဲ့ ဆာအူးလ်နီဂွက်ဇ်ကို ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူခွင့်ရှိပေမယ့် အရေးယူခံရမှုကြောင့် ခေါ်ယူခွင့်မရတော့ဘဲ မက်ဒရစ်ကလပ်ဆီ ပြန်လည်စေလွှတ်ပေးရမှာဖြစ်ပါတယ်။ 

2 mins Ago
Up