close

ချဲလ်ဆီးပိုင်ရှင်

close

January 9, 2023

နည်းပြပေါ်တာကို အချိန်ပေးရန် ချဲလ်ဆီးပိုင်ရှင်ကို ဂွါဒီယိုလာတိုက်တွန်း

ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာကို အချိန်ပေးဖို့ အသင်းပိုင်ရှင်ကို တိုက်တွန်းလိုကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။ 

မန်စီးတီးက ချဲလ်ဆီးကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ အပြီးမှာ ရာထူးကနေထုတ်ပယ်ခံရဖို့ နီးစပ်လာတဲ့ ချဲလ်ဆီးနည်းပြပေါ်တာနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက စာနာစကားဆိုခဲ့တာပါ။

“ကျနော်ကတော့ သူတို့အသင်းပိုင်ရှင်ဘက်က အချိန် တစ်ခုပေးဖို့ ပြောချင်တယ်။ အသင်းကြီးတွေမှာ ရလဒ်ကအရေးကြီးတယ်ဆိုပေမယ့် နည်းပြ ဂရေဟမ်ပေါ်တာကို အချိန်တစ်ခု ပေးလိုက်ပါ။ အကောင်းဆုံးရလဒ်ရယူနိုင်ဖို့ဆိုရင် နည်းပြတိုင်းက အချိန်တစ်ခု လိုပါတယ်။ ဘာစီလိုနာမှာ ကျနော်နည်းပြခဲ့တုန်းကတော့ မက်ဆီရှိနေလို့ အချိန်ယူဖို့ မလိုအပ်ခဲ့တာပါ”လို့ ဂွါဒီယိုလာကပြောပါတယ်။

နည်းပြ ဂရေဟမ်ပေါ်တာကတော့ မန်စီးတီးနဲ့ပွဲစဉ် ပထမပိုင်းစွမ်းဆောင်ရည်က နာကျင်စရာ ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ လူငယ်ကစားသမားတွေက ကြိုးစားအားထုတ်မှု ကောင်းမွန်ခဲ့ ကြောင်း၊ ပြိုင်ပွဲကနေထွက်ခဲ့ရလို့ စိတ်ပျက်ရကြောင်း ပြောသွားပါတယ်။ 

7 mins Ago
Up