close

ခြင်္သေ့တကောင်သေဆုံးမှု

close

January 21, 2023

ချီလီတွင် ခြင်္သေ့တကောင်သေဆုံးမှုအတွက် ဆန္ဒပြ

ချီလီနိုင်ငံမှာ တိရစ္ဆာန်ရုံအလုပ်သမားတွေဟာ ခြင်္သေ့တကောင်သေဆုံးမှုအတွက် အစိုးရအေဂျင်စီတခုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဇန်နဝါရီ ၂၀ ရက်မှာ ချီလီသမ္မတ အိမ်တော်ရှေ့က ခြင်္သေ့အသေကောင်ကြီးကို လမ်းသွားလမ်းလာတွေ အံ့အားသင့်ခဲ့ကြပါတယ်။

လာကြည့်ရှုကြသူတွေဟာ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ ရိုက်ယူနေကြတာကြောင့် "အစိုးရက တိရစ္ဆာန် တွေကို သတ်နေတယ်" လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို ၁၄ နှစ်သား ခြင်္သေ့အထီး ဇုစ်ရဲ့ အလောင်းဘေးမှာ ထား,ထားပါတယ်။ 

တိရစ္ဆာန်ရုံရဲ့ ပိုင်ရှင်တွေကတော့ တိရစ္ဆာန်တွေရဲ့မိုက်ခရိုချစ်ပ်တွေကိုဖတ်ဖို့အတွက် မေ့ဆေး သုံးစွဲခိုင်းတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း (SAG) ကို အပြစ်တင်ထားတာပါ။ 

“SAG ဟာ ကျနော်တို့ တိရစ္ဆာန်တွေရဲ့ မိုက်ခရိုချစ်ပ်တွေကို ဖတ်ဖို့ ဆိုပြီး သူတို့အားလုံးကို အတင်းကို မေ့ဆေးပေးပြီး ဖမ်းခိုင်းခဲ့တယ်”လို့ ဆန်တီယာဂိုရဲ့ တောင်ဖက် မိုင် ၂၉၀ အကွာက လော့စ်အိန်ဂျလိစ်မြို့တော် တိရစ္ဆာန်ဥယျာဉ်ရဲ့ တရားဝင် ကိုယ်စားလှယ် Cesar Chanampa က ပြောပါတယ်။ 

SAG မှာ အတွေ့အကြုံရှိပြီး အရည်အချင်းပြည့်မီတဲ့ ဝန်ထမ်းတွေရှိသင့်ပြီး မိုက်ခရိုချစ်ပ်တွေ ဖတ်ရုံလောက်ကို မေ့ဆေးပေးစရာမလိုကြောင်း သူက ဆိုပါတယ်။ 

စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း (SAG) က ထုတ်ပြန်ချက်မှာတော့ အိပ်ဆေးဟာ တိရစ္ဆာန်နဲ့ လူပုဂ္ဂိုလ်တွေ ဘေးကင်းရေးအတွက် စံပြုထားတဲ့ လုပ်ထုံးလုပ်နည်းဖြစ်ကြောင်းနဲ့ ကံမကောင်းလို့ ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ခဲ့တဲ့ တိရစ္ဆာန်တွေထဲက တကောင် သေဆုံးသွားတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ဒီဆန္ဒပြမှုဟာ တိရစ္ဆာန် ရဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်တာဖြစ်ကြောင်းနဲ့ တိရစ္ဆာန်တွေကို လုံလုံလောက်လောက် ကိုင်တွယ်နိုင်ခြင်းမရှိဘူး လို့ စွပ်စွဲထားတဲ့ တိရစ္ဆာန်ရုံကိုလည်း တရားဥပဒေ အရ အရေးယူဖို့ စဉ်းစားနေကြောင်း SAG က ပြောပါတယ်။ 

ရဲတွေကတော့ သမ္မတနန်းတော် အပြင်ဘက်ဧရိယာကို ပိတ်ဆို့ခဲ့ပြီးနောက် ခြင်္သေ့အလောင်းကို ဖယ်ရှားခဲ့ပါတယ်။ 

12 hours Ago
Up