close

ခြိမ်းခြောက်ပစ်ခတ်မှု

close

May 15, 2021

မြင်းခြံမြို့တွင် အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ မေလ ၁၄ ရက်နေ့ညပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မေလ ၁၄ ရက်နေ့ ည ၉ နာရီကျော်ကစပြီး မြင်းခြံဈေးကြီးအနီး၊ မဟာမြိုင်ရွှေဆိုင်အနီး၊ အမှတ် ၁၊ ၃၊ ၆ ရပ်ကွက်တွေမှာ ကင်းလှည့်လည်ပြီး ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၂ ရက် တလုပ်ပဋိပက္ခဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီက အင်အားတိုးမြှင့်ချထားပြီး မြို့ပေါ်ကနေ ကျေးရွာတွေအထိ အင်အားပြ ခြိမ်းခြောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာလို့ မြို့ခံတွေက  ပြောပါတယ်။

သတင်း - မျိုးမျို

6 mins Ago
Up