မန်ယအသင်းရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေက လက်ခံနိုင်စရာမရှိကြောင်း ဂိုးသမား ဒီဂီယာက ဖေဝန်သွားပါတယ်။
မနေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့ပြီးနောက် အသင်းသားတွေရဲ့ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို ဂိုသမားဒီဂီယာက ထောက်ပြပြောဆိုသွားခဲ့တာပါ။
အသင်းသားတွေရဲ့ခြေစွမ်းက လုံလောက်မှုမရှိသလို ပွဲပန်းနေတဲ့ အဲဗာတန်အသင်းလောက် နိုင်လိုစိတ် မရှိခဲ့ကြောင်း ဒီဂီယာက ပြောပါတယ်။
“ကျaeာ်တို့ ဂိုးမရတာလည်း မပြောနဲ့၊ ဂိုးသွင်းနိုင်မယ့်အခွင့်အရေးတောင်မရခဲ့ဘူး။ မှန်တာပြောရရင် ဘာပြောရမှန်းတောင်မသိပါဘူး။ ကျနော်တို့ရဲ့ ခြေစွမ်းလုံလောက်မှုမရှိသေးပါဘူး၊ ဒါကသေချာတယ်။ အဲဗာတန်က ဗုဒ္ဓဟူးနေ့က တစ်ပွဲကစား ထားပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒပြင်းပြမှုကို ပိုပြီးသာနေတယ်။ ရှုံးပွဲတွေ့ခဲ့တဲ့အပေါ် အလွန်ဝမ်းနည်းမိပြီး လက်ခံနိုင်စရာမရှိဘူး” လို့ ဂိုးသမားဒီဂီယာက ပြောပါတယ်။
ဆက်လက်ပြီး ထိပ်ဆုံးလေးသင်းစာရင်း ဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး အလွန်ခက်ခဲသွားပြီ ဖြစ်ကြောင်းလည်း ဂိုးသမားဒီဂီယာက မှတ်ချက်ပေးသွားပါတယ်။ယူနိုက်တက်အသင်းဟာ အဆင့် လေးနေရာက စပါးနဲ့ ၆ မှတ်အထိကွာဟနေပါတယ်။