close

ဂစ်တာ

close

October 18, 2021

တော်လှန်ရေးအတွက် အဆိုတော်ကျားပေါက် ဂစ်တာ ကန်ဒေါ်လာ ၂၇,၅၀၀ ဖြင့် အမြင့်ဆုံး လေလံအောင်

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ တထောင့်တနေရာက ပါဝင်နေတဲ့ အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်ရဲ့ Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာတလက်ကို လေလံ တင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံးလေလံအောင်သွားခဲ့ပါတယ်။

 ဒီလေလံပွဲကိုတော့ အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက် ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ ၁,၀၀၀ နဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ကာ နာရီပိုင်းအ တွင်း အပြိုင်ဈေးပေး ဝယ်ယူမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအမြင့်ဆုံး Ukulele အဖြစ် ဂီတပညာရှင် John D'Angelico ရဲ့ ၁၉၃၀ ပြည့် နှစ်ဝန်းကျင်က လက်ရာကို အမေရိကန်ဒေါ်လာ ၂၆,၀၀၀ နဲ့ စံချိန်တင်ထားခဲ့တာမို့ ခု လက်ရှိ ကျားပေါက်ရဲ့ ဖန်တီးမှုလက်ရာနဲ့ Ukulele ကတော့ ကမ္ဘာ့ဈေးအမြင့်ဆုံး ဖြစ်လာခဲ့တာပါ။

အဆိုတော် ကျားပေါက်လက်ရာ Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာ လေလံပွဲ ရောင်းချငွေ အားလုံးကို NUG အစိုးရထံ ပေးအပ်သွားမှာဖြစ်ကာ လေလံအောင်သူကို လည်း NUG ကနေ အသိအမှတ်ပြု အလှူရှင်မှတ်တမ်း ပြန်လည်ပေးပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

14 mins Ago

May 13, 2020

ကွယ်လွန်သူ နာမည်ကျော်အဆိုတော် ကတ်ကိုဘိန်း၏ ဂစ်တာ ဒေါ်လာ ၁ သန်းဖြင့် လေလံဈေးဖွင့်

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တချိန်က နာမည်ကြီး အနုပညာရှင် အဆိုတော်တယောက်ဖြစ်တဲ့ ကတ်ကိုဘိန်းရဲ့ ဂစ်တာတလက်ကို ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ လေလံ စတင်ဖွင့်လိုက်ပြီလို့ ဂါးဒီးယန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီဂစ်တာဟာ ကက်ကိုဘိန်းရဲ့ Nirvana အဖွဲ့အနေနဲ့ ၁၉၉၃ ခုနှစ် နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ ‘MTV Unplugged in New York’ ဖျော်ဖြေပွဲမှာ တီးခတ်ခဲ့တဲ့ ဂစ်တာတလက် ဖြစ်ပြီး သူ မကွယ်လွန်မီ ၅ လအလိုက တီးခတ်ခဲ့တဲ့ ဂစ်တာ ဖြစ်ပါတယ်။ ကတ်ကိုဘိန်းဟာ ၁၉၈၇ ခုနှစ်က Nirvana တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း အောင်မြင်မှု တရှိန်ထိုး ရရှိခဲ့ပေမယ့် မူးယစ်ဆေးစွဲတာ၊ စိတ်ကျရောဂါခံစားရတာတွေနဲ့  ကြုံခဲ့ရပြီး အသက် ၂၇ နှစ်အရွယ် ၁၉၉၄ ခုနှစ် ဧပြီ ၅ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ နာမည်ကျော် လေလံကုမ္ပဏီ Julien’s Auctions ရဲ့ ဂီတကြယ်ပွင့်တွေရဲ့ အမှတ်တရပစ္စည်း ခေါင်းစဉ်အောက်ကနေ လေလံဈေးခေါ်ဝယ်ယူနိုင်မယ့် ဒီပွဲကိုတော့ လာမယ့် ဇွန် ၁၉ ရက်နေ့နဲ့ ၂၀ ရက် ၂ ရက်တာ အွန်လိုင်းကပါ ကျင်းပသွားမယ်လို့ သိရပါတယ်။ လေလံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ဒါရန်ဂျူလီယံကတော့ သတင်းထုတ်ပြန်ချက်ထဲမှာ ဒီဂစ်တာနဲ့ ပတ်သက်ပြီး “ရော့ခ်အင်ရိုးလ်ဂီတသမိုင်းမှာ အရေးကြီးတဲ့ လွှမ်းမိုးနိုင်ခဲ့တဲ့ ဒီဂစ်တာဟာ ထိုက်တန်တဲ့ နေရာတခုဆီ ရောက်ရှိနိုင်မှာပါ။ ဒီလိုက်ဖ်ဂီတဖျော်ဖြေပွဲကလည်း အကြီးကျယ်ဆုံးနဲ့ မမေ့နိုင်စရာ ပွဲတခုပါပဲ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း လေလံကုမ္ပဏီ Julien’s Auctions အနေနဲ့ ကတ်ကိုဘိန်း ဝတ်ဆင်ခဲ့တဲ့ သိုးမွေးအင်္ကျီကို ပြပွဲမှာ အမေရိကန်ဒေါ်လာ ၃၃၄၀၀၀ နဲ့ လေလံ အောင်မြင်ခဲ့ပါတယ်။ ကတ်ကိုဘိန်းဟာ အဲဒီအစိမ်းနုရောင်သိုးမွေးအင်္ကျီကို ၁၉၉၃ ခုနှစ် “MTV Unplugged” ဖျော်ဖြေပွဲမှာပဲ နောက်ဆုံး ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ စွန်းထင်းပြီး ဆေးလိပ်မီး ပေါက်နေတဲ့ အဲဒီအင်္ကျီကို ဆယ်စုနှစ် ၃ စုနီးပါးအတွင်းမှာ လျှော်ဖွပ်ခဲ့ခြင်းမရှိဘဲ ဈေးကတော့ လေလံတင်ရောင်းချတဲ့ ဆွယ်တာအင်္ကျီတွေထဲမှာ ဈေးအကြီးဆုံး ဖြစ်လာခဲ့ပါတယ်။
1 year Ago
Up